January 7, 2015

သူငယ်နဲ့ နမောဗုဒ္ဓဿ

     မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ရာဇဂြိုလ်မြို့ကြီး၌ သမ္မာဒိဌိ  အယူရှိ 
သူ၏ သားနှင့် မိစ္ဆာဒိဌိ အယူရှိသူ၏သား သူငယ်ချင်းနှစ်ယောက်တို့သည် ခုံညင်းကစားကြရာ
သမ္မာဒိဌိသူငယ်က “နမောဗုဒ္ဓဿ” ဟု ဆို၍ ခုံညင်းပစ်၏။ အမြဲတမ်းနိုင်၏။ ထိုအခါ မိစ္ဆာဒိဌိ
သူငယ်က ဤသူသည် “နမော ဗုဒ္ဓဿ” ဟု ဆို၍ ကစားလျှင် အမြဲနိုင်သည်ဟု မှတ်သား၍
သူလည်း “နမော ဗုဒ္ဓဿ” ရအောင် လေ့ကျက်သင်ကြားထား၏။
         တနေ့တွင် မိစ္ဆာဒိဌိသူငယ်၏ဖခင် တောသို့ ထင်းခုတ်သွားရာ သားငယ်ကိုပါ ခေါ်သွား
၏။ ထင်းခုတ်ပြီးပြန်အလာ မြို့ပြင်သုသာန်အနီးတွင် ရေမိုးကောင်း၍ လှည်းဖြုတ်၊ ထမင်းစား၊
အပန်းဖြေ၏။ ဖြေလွှတ်ထားသော နွားတို့သည် ညနေတွင် မြို့တွင်းဝင်သည့် နွားများနှင့်အတူ
ရောဝင် လိုက်ပါသွားကြ၏။
         သူငယ်၏ ဖခင်သည် နွားပျောက်ရှာရင်း သူ့နွားများ မြို့တွင်းသို့ ရောပါသွားသည် ဟု
သတင်းရ၍ မြို့တွင်းသို့ သွားရောက်ရှာဖွေတွေ့ရှိသော နွားတို့ကို ဆွဲယူပြီး ပြန်လာရာ  မြို့တံ
ခါး ပိတ်ထားပြီ ဖြစ်သောကြောင့် မြို့ပြင်
သို့ ထွက်ခွင့်မရတော့ပေ။
         သားငယ်သည် တစ်ယောက်ထီးတည်း သုသာန်၏အနီးဝယ် ညဥ့်အမှောင်ရောက်လျှင်
လှည်းအောက်သို့ ၀င်ရောက် အိပ်ပျော်သွား၏။ ညဥ့်နက်လျှင် အစာရှာ ဘီလူးနှစ်ဦးတို့သည်
အိပ်ပျော်နေသောသူငယ်ကို တွေ့၏။
         သမ္မာဒိဌိဘီလူးက တားမြစ်ပါသော်လည်း မရဘဲ မိစ္ဆာဒိဌိဘီလူးက စားဖို့ရန် သူငယ်၏
ခြေကို ကိုင်၍ ဆွဲယူ၏။ ထိုအခါ သူငယ်သည် သင်ကြားထားသော လေ့ကျင့်မှုအရ “နမော
ဗုဒ္ဓဿ” ဟု ယောင်ရမ်း ရွတ်ဆိုလိုက်၏။
         ထိုအခါ မိစ္ဆာဒိဌိဘီလူးကို သမ္မာဒိဌိဘီလူးက “ငါရှိပါလျက် သင်သည် မပြုထိုက်သော အ
လုပ်ကို ပြုလုပ်၏။ သင်သည်သူငယ်အတွက် ဒဏ်ဆောင်ရပါမယ်။” ဟု ဆို၏။  ဘီလူးနှစ်ဦးတစ်
ညလုံး သူငယ်ကို စောင့်ရှောက်လျက် နေကြရ၏။ သူငယ်ထမင်းမစားရသေးသည်ကို သိ၍ မိစ္ဆာ
ဒိဌိဘီလူးသည် မြို့သို့ဝင်၍ ရှင်ဘုရင်စားသော ရွှေခွက်ကို ထမင်းအပြည့် ထည့်ယူလာ၏။ ဘီလူး
နှစ်ဦးသည် မိဘနှစ်ပါးယောင်ဆောင်၍ သူငယ်ကို ကျွေးရ၏။
         နံနက်လင်းသောအခါ မင်းကြီး၏ ရွှေခွက်ပျောက်၍ မြို့တံခါးပိတ်ပြီး ရှာ၏။ မတွေ့၍ မြို့
ပြင်ထွက်ရှာရာ ထင်းလှည်းပေါ်မှာ ရွှေခွက်ကိုတွေ့၏။ သူငယ်ကို ဖမ်းဆီး၍ မင်းကြီးထံအပ်၏။
စစ်မေးသောအခါ မိဘတို့လာကျွေး၍ စားရသည်ဟု သူငယ်က ဖြေဆို၏။ မိဘတို့ကို စစ်မေးသော
အခါ ညက မြို့ထဲမှာပင် သူတို့ရှိနေကြောင်းကို သက်သေပြနိုင်ကြ၏။ မင်းကြီးသည် သား၊ အမိ၊
အဖ သုံးယောက်လုံးကို ခေါ်၍ ဘုရားထံ သွား၏။
         “ဗုဒ္ဓါနုဿတိ” ဘုရားကို သတိရခြင်းသည် အကာအကွယ် ဖြစ်နိုင်ပါသလား ဘုရား ဟု
ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်အား မေးလျှောက်ထားသောအခါ ဘုရားရှင်က...“ဗုဒ္ဓါနုဿတိ
သာလျှင် အစောင့်အရှောက် ဖြစ်နိုင်သည် မဟုတ်၊ လူ့ခန္ဓာကိုယ်တွင် ခြောက်ဌာနလုံခြုံအောင်
စိတ်ကို ကောင်းစွာပွားများကြသော သူတို့အား အခြားသော အကာအကွယ် မန္တန်ဆေးဝါး ဆောင်
စရာ မလိုတော့ပြီ” ဟူ၍ ဟောကြားတော်မူပါသည်။
(ဓမ္မပဒ။ ပကိဏ္ဏက၀ဂ်၊ ထင်းခုတ်သမား သားအဖ၀တ္ထု)
         ဒါကြောင့် သူတော်စင်အပေါင်းတို့ကလည်း “နမော ဗုဒ္ဓဿ” (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ) ဟု ရွတ်
ဆိုပူဇော်ခြင်းဖြင့် အစောင့်အရှောက်၊ အကာအကွယ် ရယူနိုင်ကြကာ မြတ်နိဗ္ဗာန်ကိုရရောက်နိုင်
ကြပါစေ ကုန်သတည်း။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
  နုတ်ရေးသားပူဇော်ပါတယ်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment