မတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား
( External Condition ) ပေါ့။
၂။ “ယောနိသော မနသိကာရ” မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်း
ဘက် အကြောင်းတရား (Internal Condition) ပေါ့။ အပြင်အကြောင်းတွေက ဘယ်
လောက်ကောင်းကောင်း “ယောနိသော မနသိကာရ” ဆိုတဲ့ အတွင်းအကြောင်း
(Internal Condition) မကောင်းဘူး ဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်း
အပြင် ဘက်စုံကောင်းဖို့ လိုအ
ပ်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။ ။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment