လူတစ်ဦးတစ်ယောက် အတွေးအခေါ်တွေ မှားသွားအောင်၊ အယူအဆတွေမှားသွားအောင်
မှားယွင်းတဲ့ အတွေးအခေါ်တွေ ရသွားအောင် အကြောင်းနှစ်မျိုး ရှိတယ်။
“ပရတောဃောသ” သူတစ်ပါးထံမှ ဟောပြောပို့ချတဲ့ အသံတွေ၊ ဒါ... အပြင်ဘက်က အ
ကြောင်းတရားပဲ။ “အယောနိသော မနိသိကာရ” ကိုယ်တိုင်က မှန်မှန်ကန်ကန် ဆင်ခြင်နှလုံးသွင်း
မှု မရှိဘူး။ အတွင်းပိုင်းဆိုင်ရာအကြောင်း၊ အပြင်ဘက်ကလည်း မမှန်ကန်တဲ့ ဟောပြောချက်တွေ
ကို နားထောင်မယ်။ ကိုယ့်ရဲ့ အတွင်းနှလုံးသွင်းမှုကလည်း မှန်ကန်မှု မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ
“မိစ္ဆာဒိဌိ” ဖြစ်သွားတာပဲ။ ဒါဟာ..မိစ္ဆာဒိဌိဖြစ်ခြင်းအကြောင်းပဲ ဖြစ်ပါတယ်။
“သမ္မာဒိဌိ” မှန်ကန်တဲ့အမြင်ရဖို့ ဆိုတဲ့နေရာမှာလည်း အတွင်းအကြောင်းနဲ့ အပြင်အ
ကြောင်းနှစ်ခု ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ “ပရတောဃောသ” မှန်မှန်ကန်ကန် ဟောပြောပို့ချ
တဲ့ တရားဓမ္မအသံကို ကြားနာမှုက အပြင်အကြောင်း၊ “ယောနိသောမနသိကာရ” အသိဉာဏ်နဲ့
ဆင်ခြင်စဉ်းစားနိုင်မှုက အတွင်းအကြောင်း။ အဲဒီ အကြောင်းနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ “သမ္မာဒိ
ဌိ” လို့ခေါ်တဲ့ မှန်ကန်တဲ့ အမြင်တစ်ခု ရရှိလာနိုင်တယ်။ ။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment