June 27, 2015

အခက်အခဲ တစ်စုံတစ်ရာကြုံခဲ့ရင် ။


  *မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလ မုတ္တမံ*။ မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သောမင်္ဂလာမည်၏။
       လောကမှာ တာဝန်တွေရှိပါတယ်။ တာဝန်ကျေတဲ့သူဟာ ကျက်သရေရှိပါတယ်။ တာဝန်မကျေတဲ့
သူဟာ ကျက်သရေ မရှိပါဘူး။ ဒါ ဗုဒ္ဓဘုရားဟောပါ။
      အဖေက တာဝန်ကျေရင် အဖေ ကျက်သရေ ရှိတယ်။ မမေက တာဝန်ကျေရင် အမေ ကျက်သရေ

ရှိတယ်။ သားက တာဝန်ကျေရင် သားကျက်သရေ ရှိတယ်။ သမီးက တာဝန်ကျေရင် သမီး ကျက်သရေ
ရှိတယ်။ ဆရာက တာဝန်ကျေရင် ဆရာ ကျက်သရေ ရှိတယ်။ တပည့်က တာဝန်ကျေရင် တပည့် ကျက်
သရေရှိတယ်။ ဆိုလိုတာကတော့ တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိတယ်။  တာဝန် မကျေတဲ့သူဟာ
ကျက်သရေ မရှိဘူး။ ဒီတော့.. တချို့ မိဘတာဝန် မကျေတာကိုကြည့်ပြီး ကိုယ်ကလည်း တာဝန်မကျေ
သူ သားသမီး တစ်ယောက်အဖြစ်နဲ့ ဘ၀ကို တည်ဆောက် သွားမလား?။
        မြတ်စွာဘုရား ဟောပြထားတဲ့ မိဘထက် အသိအလိမ္မာ ဉာဏ်ပညာ ကြီးကျယ်မြင့်မြတ်တဲ့ အတိ
ဇာတ သားသမီး၊  မိဘနဲ့ အသိအလိမ္မာ တန်းတူရှိတဲ့ အနုဇာတ သားသမီး၊  မိဘအောက် အသိအလိမ္မာ
နိမ့်ကျတဲ့ အ၀ဇာတ သားသမီး။  အဲဒီ  သားသမီး သုံးမျိုးထဲက ကိုယ်က ဘယ်လိုသားသမီးမျိုး အဖြစ်နဲ့
ဘ၀ကို တည်ဆောက် ချင်တာလဲ ? ။  ဒီ မေးခွန်းကို ကိုယ့်ဟာကိုယ်ပဲ ပြန်ဖြေကြည့်ပါ။
        တာဝန်ဆိုတဲ့ စကားလေးဟာ ဘ၀ကို  အဓိပ္ပာယ်ရှိရှိ တည်ဆောက်လိုသူတွေရဲ့ နှလုံးသားထဲမှာ
အစဉ်သဖြင့် သန္ဓေတည်သင့်နေတဲ့ စကားလေးပါ။ မာတာပိတု ဥပဌာန မင်္ဂလာဆိုတာ တာဝန်ပါ။ ၀တ္တ
ရား မဟုတ်ပါဘူး။ ၀တ္တရားကို ကြောင့်ကြမဲ့နေလို့ ရပေမဲ့ တာဝန်ကိုကျတော့ ကြောင့်ကြမဲ့နေလို့ မရပါ။
တချို့ မိဘတာဝန် မကျေခဲ့တာကို  သူ့ အပိုင်းနဲ့သူ ထားလိုက်ပါတော့။  တာဝန်ဆိုတဲ့  စကားလေးကိုပဲ
နှလုံးသွင်းပြီး မျက်စိမှိတ် ထောက်ပံ့ကူညီပစ်လိုက်ပါ။
       တာဝန်ကျေလိုက်တာနဲ့ ဘ၀ဆိုတာ ပိုအဓိပ္ပါယ် ရှိသွားတာပါပဲ။ စာစကားနဲ့ ပြောရရင် မင်္ဂလာဖြစ်
ထွန်းသွားတာပါပဲ။ မင်္ဂလာဖြစ်ထွန်းနေတဲ့ လူတစ်ယောက်ကို မင်္ဂလာတရားက ပစ်မထားပါဘူး။ဘာဖြစ်
လို့လဲဆိုတော့  မင်္ဂလာတစ်ပါးစီမှာ  ကောင်ကျိုးသတ္တိတွေ  ကိုယ်စီရှိနေကြလို့ပါ။  စားသောက်ဖွယ်တွေ
ပစ္စည်းဝတ္ထုတွေနဲ့ ထောက်ပံ့နေမှာ ဖြစ်သလို ဝေယျာဝစ္စ ပြုစုမှုတွေနဲ့လည်း ကျေးဇူးဆပ်နေ ကြမှာပါ။
ဒါတွေကတော့ လောကီနည်းနဲ့ ကျေးဇူးဆပ်နည်းတွေပါပဲ။
        လောကီနည်းနဲ့  ကျေးဇူးဆပ်ပြီးရင် တစ်ဆင့်တက်ပြီး လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ဖို့လည်း
လိုပါတယ်။ ၁။သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရား ရှိလာအောင်။ ၂။သီလ မဆောက်တည်ဖြစ်
တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။ ၃။ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါန ပြုဖြစ်လာအောင်။ ၄။ တ
ရား  အားမထုတ် ဖြစ်သေးတဲ့  မိဘတွေ  တရားအားထုတ် ဖြစ်လာအောင်၊ ပရိယာယ်နဲ့ပဲဖြစ်ဖြစ်၊ တိုက်
ရိုက်ပဲဖြစ်ဖြစ် ဖန်တီးစီစဉ် ပေးရပါမယ်။
     မိဘကို လောကီနည်း၊ လောကုတ္တရာနည်း နှစ်မျိုးနဲ့ ကျေးဇူးဆပ်နေတဲ့ သားသမီးကို မင်္ဂလာတရား
က  သူ့ ရဲ့ ကောင်းကျိုးသတ္တိ  အားလျော်စွာ ကျေးဇူးပြုသွားမှာပါ။ တကယ်လို့သာ ဘ၀မှာ အခက်အခဲ
တစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ကိုယ်ပြုခဲ့တဲ့ မာတာပိတု ဥပဌာန မင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့
ရပါတယ်။ သုဝဏ္ဏသာမိ ဇာတ်တော်ကို သူတော်ကောင်းတို့  သိပြီးဖြစ်မှာပါ။
        သူတော်ကောင်းတို့တစ်တွေ မင်္ဂလာရှိသော “မာတာပိတု ဥပဌာန” တာဝန်ကိုကျေတဲ့  ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်များ  ဖြစ်ကြပြီး နိဗ္ဗာန်ဆီသို့  ရောက်နိုင်ရနိုင် ကြပါစေကုန်သတည်း။
{ရဝေနွယ်(အင်းမ) ၏ ကျန်ရှိနေတဲ့ သက်တန်းကို ဘယ်လိုနေမလဲမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment