January 2, 2014

*** အကောင်းဆုံးဘ၀ ပိုင်ရှင်ဖြစ်စေရန်***

ဘ၀ ဟူသည် သံသရာ ထဲမှ အချိန်ပိုင်းတခုပါ ။
ဘ၀ ၊ ဘ၀ ပေါင်းများစွာလှည့်ပါတ်နေသည်ကို သံသရာဟု ဖွင့်ဆိုထားပါသည် ။ ဗုဒ္ဒဘာသာဝင်အများစု တို့သည် သံသရာ လည်တယ်ဆိုတာ ကို လက်ခံထားတတ်ကြပြီး၊ ထိုသံသရာမှ လွတ်ကြောင်းကိုတော့ မစဉ်းစားပဲ မေ့လျော့ထားတတ်ကြပါသည် ။ သံသရာ ဆိုတာကို မကြောက်သ၍တော့ ဘ၀ ပေါင်းများစွာ ကျင်လည် နေရအုံးမှာပါ ။သံသရာဟုသည် အလွန်ကြောက်စရာကောင်းလှသည် ။ သုဂတိသံသရာနှင့် ဒုက္ခတိ သံသရာဟု ၍နှစ်မျိုးရှိပါသည် ။
လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာပြည် ၌ကျင်လည်ခြင်းသည် သုဂတိသံသရာ။
ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသူရကယ် ဘုံ၌ကျင်လည်ခြင်းသည် ဒုက္ခတိ သံသရာ ဖြစ်ပါသည် ။
ယခုလို လူ.ဘ၀ ရလာသည်မှာ သုဂတိသံသရာတွင်ပါဝင်ပါသည် ။ လူ့.ဘ၀ ဟူသည် အလွန်ရခဲလှသည်ဟု ဘုရားရှင်က ဟောကြားထားပါသည် ။ သာမာန် ပဲကြည့်ပါလျှင် ကမ္ဘာပေါ်တွင် တိရိစ္ဆာန် နှင့် လူ မည်သူက များသနည်း ။ မမြင်တွေ့နိုင်သော ပိုးမွှားဦးရည်နှင့်ပင် မယှဉ်သာပါ ။ ထိုကြောင့် ရခဲလှသော လူ့ဘ၀ ရခိုက်အခါတွင် ကုသိုလ်ကံကို ဖြစ်စေသော ဒါန၊သီလ၊ဘာဝနာ ဆိုသော ကုသိုလ်တရားတို့ကို ကြိုးစားအားထုပ်သင့်ပေသည်။
ယခု အခါတွင် လူအ
များသည် ဒါန ဆိုသော ကုသိုလ်ကိုတော့ လေ့လာ ပြုလာကြပါ ပြီ ။
သို့ရာတွင် အပေါ်ယံတွင်ပြုလုပ်နေကြပြီး ၊ တကယ်ကုသိုလ်အစစ်၏ အနှစ်သာရကို မေ့လျော့ ထားတတ်ကြသည် ။ အပြိုင်အဆိုင်လှူဒါန်းတတ်ကြသည် ။ ကျော်ဇော မူကို အဓိကထား လှူဒါန်းတတ်ကြပြန်သည် ။ မစ္ဆေရိယစိတ် မကင်းပဲ လှူဒါန်းတတ်ကြသေးသည် ။( လှူသာလှူသည် သဒ္ဓါ မပါ၊တွန်တိုသောစိတ် ကိုဆိုလိုသည်)။ အပေါ်ယံ လှူသည့်အတွက် အပေါ်ယံဒါနသာရပါမည် ။
ဒါန ဟူသည် လှူဒါန်သောသူ၏ စိတ်တွင် သဒ္ဓါ တရားထက်သန်ရန်အရေးအကြီးဆုံးဖြစ်သည် ။ အလှူ ဒါန တစ်ခုဖြစ်မြှောက်ရန် အလှူခံပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်သည် မရှိမဖြစ်မှန်သော်လဲ၊ ထိုနှစ်ခုသည် ပြုလုပ်ရန် လွယ်ကူပြီး ၊ အနှစ်သာရပြည့်သောကုသိုလ်ကိုပေးစွမ်းသော သဒ္ဓါ တရားသည် မလွယ်ကူလှပေ။
လှူမယ်လို့ ကြံရွယ်ချိန်မှာ ပေါ်ပေါက်လာသော သဒ္ဒါတရား၊ ထိုနောက် လှူဒါန်းနေစဉ်မှာ ပီတိနှင့်ပြည့်စုံသော သဒ္ဓါ တရား၊ လှူဒါန်းပြီး တစိမ့်စိမ့်တွေး ၀မ်းမြှောက်နေသော သဒ္ဒါတရား ထိုသုံးမျိုးနှင့် ပြည့်စုံမှ အနှစ်သာရအပြည့်ဖြင့် အလှူဒါနတစ်ခု ဖြစ်ပေသည် ။ ထိုကြောင့် မိမိ၏ သဒ္ဓါ တရားကို အကောင်းဆုံး ပြုပြင်ပြီးမှသာ လှူဒါန်းသင့်ပေသည် ။ ထိုသို့ ပြုလုပ်သော ကုသိုလ်ကံသည် ဇော ၇ ချက်အရ ဘ၀ ၊ ဘ၀ တိုင်းသို့ လိုက်၍ အကျိုးပေးတော့မည်သာ ဖြစ်တော့သည် ။
နောက် ပါရမီထိုက်သော ဒါဟူသည် အမြင့်မြတ်ဆုံးဒါနမျိုးဖြစ်သည် ။
ကျမတို့ မြန်မာလူမျိုးအများစုသည် လှူဒါန်းလျှင် ကုသိုလ်ရမည်ဆိုတာ လူတိုင်းသိပါသည် ။ ထို့ကြောင့်ရှေးရေးကို တွေးပြီးလှူသော ဒါနမျိုးသာ များနေကြသည် ။ နတ်သမီး လို လှချင်လို လှူဒါန်းသည် ။ သူဌေးကြီး ဖြစ်ချင်လို့ လှူကြသည် ။ ရလိုမူကို အဓိကထား လှူဒါန်းခြင်းမျိုးသာ များကြပါသည် ။ ရလိုမူမပါ စွန့်လွတ်မူ အပြည့် ဖြင့် လှူဒါန်းသော ဒါန မျိုးကို ပါရမီထိုက်သော ဒါနဟု ခေါ်ဆိုအပ်ပေသည် ။
ဥပမာ ပြရပါလျှင် ..
တိရိစ္ဆာန်ကိုလှူခြင်းထက် လူကို လှူခြင်းက ကုသိုလ်ပိုသည် ။
လူကိုလှူခြင်းထက် ရဟန်းကို လှူခြင်းက ပိုပါသည် ။
ရဟန်းကို လှူခြင်းထက် ရဟန္တာကို လှူခြင်းက ပိုသည် ။
ရဟန္တာကို လှူခြင်းထက် မြတ်စွာဘုရားရှင်ကို လှူခြင်းက အမြတ်ဆုံး ဖြစ်ပေသည် ။
သို့ရာတွင် ကုသိုလ်အများဆုံးရမည်ကို ကြံစည်တွေးခေါ်၍ လှူဒါန်းမူသည် သာမာန်ဒါန ဖြစ်သည် ။
ရှေးရှေးက သူဌေးကြီးတဦးသည် ဘုရားဟောသော တရားကို နာ ကြားပြီး ကုသိုလ်ရချင် ဇောဖြင့် ရှိသမျှသော ပစ္စည်းဥစ္စာ အားလုံးကို ခြိမ့်ခြိမ့်သည်း လှူဒါန်းလိုက်တော့သည် ။ သို့သော် သူ၏စိတ်တွင် ပြန်ရလိုမူဖြင့်လှူသောကြောင့် ပါရမီမထိုက်ပါ ။ လှူဒါန်းမူသည် အလွန်ကြီး ကျယ်သော်လဲ သာမာန်ကုသိုလ်သာ ရပေမည်။ ထိုသို့ လှူဒါန်းပစ် လိုက်သောကြောင့် သူဌေးကြီး လင်မယားသည် သူဆင်းရဲဘ၀သို့ ရောက်ပြီ နှစ်ယောက်ပေါင်းမှ ထမင်းတစ်ထုပ်သာ ချမ်းသာတော့သည် ။
ထိုထမင်းထုပ်လေးကို ဖြည်ပြီး စားမယ်လို ကြံရွှယ်နေချိန်တွင် ပိန်လှီးချိနဲနေသော ခွေးလေးတစ်ကောင်ကို မြင်လိုက်ရပါသည် ။ ခွေးကလေးသည် အစာရေဆာ ငတ်နေသည်မှာ ကြာနေသောကြောင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ပါ ။ ထို အချိန်သူဌေးကြီးသည် ခွေးကလေးကို ကြည့်ရင်း ဒီထမင်းကိုချကြွေးလိုက်ရင်ဖြင့် ခွေးကလေး အသက်ဘေးမှ ချမ်းသာမည်၊ အားအင်ပြည့်ဖြိုးကျန်မာ လာမည်ကို တွေးမိကာ သဒ္ဓါ တရားတို့ တဖွားဖွားပေါ်ပေါက်လာပါတော့သည်။ သုံးတန်စေတနာ အပြည့်ဖြင့် ထမင်းထုပ်အားခွေးကလေးကို ချကြွေးလှူဒါန်းလိုက်ပါတော့သည် ။
ထိုဒါနမှ ရလိုမူ မပါ ပါရမီထိုက်သော ဒါန ဖြစ်ပေတော့သည် ။ ထိုအလှူကို မြင်သော သကြားမင်း ပင်မနေသာပဲ လူ့ပြည့်ကို ဆင်းကာ ထိုအလှူကို ရောင်း၇န် ငွေပေး၍၀ယ်တော့သည် ။ သဒ္ဓါ အပြည့်စင်ကြယ်နေသော သူဌေးကြီးက ဘယ်လောက်ပေးပေး မရောင်းခဲ့ပါ ။ သကြားမင်းကြီးလဲ သာဓု သုံးကြိမ် ခေါ်ကာ နတ်ပြည်သို့ ပြန်သွားပါသည် ။ ကုသိုလ်မည်သည် မတောင်းလဲ ရတတ်သည့် သဘောအတိုင်း ၊ ထို ပါရမီထိုက်သော ကုသိုလ်ကြောင့်ပင် ဘုရင်ကချီးမြှောက်သော ဆုလာဒ်တို့ ဖြင့် အရင်ကထက်နှစ်ဆချမ်းသာသော သူဌေးကြီး ဘ၀ သို့ ပင်ပြန်ရခဲ့ပါသည် ။ အလှူခံပု၈္ဂိုလ်ရွေးသော သူများအတွက် မှတ်သားဖွယ်ဖြစ်ရပ်လေးပါ ။
နာမည်ကြီးသော ဆရာတော်မှ လှူချင်သော သူများ များပြားလှတဲ့ခေတ်ကြီးမှာ စေတနာသာ အဓိကဆိုသော အချက်ကို သိချင်ချင်လှသည်။ အလှူခံပုဂ္ဂိုလ်က ကုသိုလ် တရားကို ပေးစွမ်းသည် မဟုတ် ။ မိမိ၏ စိတ်မှာပေါ်သော သဒ္ဓါ တရားကလျှင် ကုသိုလ်ကံကို ဖြစ်ပေါ်စေခြင်းဖြစ်ပေသည် ။
အကောင်းဆုံး ကုသိုလ်တရားတို့ကို ပြုလုပ်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည် ။
ဓမ္မမောင်နှတို့အားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်းပြီးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ._/|\_..
(ဋ္ဌေးဋ္ဌေးဖေ့ဘုတ်မှတဆင့်)

No comments:

Post a Comment