January 17, 2014

နာမ်နှင့်ရုပ်သာ-------

နာမ်နှင့် ရုပ်တို.ကို ဥပမာတို.ဖြင့်ပြခြင်း
-ဝင်ရိုး ရထားဘီး ရထားအိမ် ရထားသံ အစရှိကုန်သော အစိတ်အပိုင်း အဆောက်အဦတို.သည် တစ်ခုတည်း တစ်ပေါင်းတည်းသော အခြင်းအရာဖြင့် ကောင်းစွာတည်နေကုန်လတ်သော် ရထားဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။စင်စစ် ဟုတ်မှန်သော အနက်သဘော အားဖြင့်မူကား တစ်ခုစီ တစ်ခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် ရထားမည်သည် မရှိသကဲ့သို.။
-သစ်သားအစရှိကုန်သော အိမ်၏ အဆောက်အဦတို.သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာ ဖြင့် ဟင်းလင်းပြင် အရပ်ကို ကာရံ၍ တည်ကုန်လတ်သော် အိမ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့် မူကား (တစ်ခုစီ တစ်ခုစီ သော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် အိမ်မည်သည် မရှိသကဲ့သို.။
လက်ချောင်းလက်မ စသည်တို.သည် တစ်ခုတည်း တစ်ပေါင်းတည်းသော အခြင်းအရာအားဖြင့် တည်ကုန်လတ်သော် လက်သီးဆုပ်ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။စောင်းခွက် စောင်းညှို.စသည်တို.သည် (တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စောင်းဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ဆင်တပ် မြင်းတပ်စသည်တို.သည် (တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စစ်တပ်-ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။မြို.ရိုး တံတိုင်း အိမ် တံခါးမုခ် စသည်တို.သည်(တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) မြို.
ဟူသောအမည် ဝေါဟာရမျှသည် ဖြစ်၏။ပင်လုံးအကိုင်းအခက် အရွက်တို.သည် (တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) သစ်ပင်ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တစ်ခုစီ တစ်ခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် သစ်ပင်မည်သည်မရှိသကဲ့သို.။
-ထို.အတူပင် ဥပါဒါနက္ခန္ဓာတို.ရှိလျှင် သတ္တဝါ ပုဂ္ဂုလ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တစ်ခုစီတစ်ခုစီ သော သဘောတရားကို ရှုဆင်ခြင်လျှင် -(ငါ)ဖြစ်သည်၊ ငါဟူ၍၎င်း စွဲလမ်းခြင်း၏ တည်ရာဖြစ်သော သတ္တဝါ မည်သည် မရှိချေ။
စင်စစ်ဟုတ်မှန်သောအနက်သဘောအားဖြင့် မူကား နာမ်နှင့်ရုပ်မျှသာလျှင် ရှိသည်ဟုမြင်၏။ ဤသို.မြင်သော ယောဂီ၏ အမြင်သည် ဟုတ်တိုင်းမှန်စွာ မြင်သောဉာဏ်အမြင် (အမြင်မှန်)မည်၏။
ဘုန်းတော်ကြီးသောမြတ်စွာဘုရားက -ရဟန်းတို. နတ်လူတို. သည် နှစ်ပါးသော မိစ္ဆာအယူတို.ဖြင့် နှိပ်စက်ခံရကုန်သည်ဖြစ်၍ အချို.က တွန်.ဆုတ်နေကုန်၏။ အချို.က ကျော်လွန်၍ သွားကုန်၏။ ဉာဏ်မျက်စိရှိသော သူတို.သည်သာလျှင် မြင်ကုန်၏။
အချို.က အဘယ်သို. တွန်ဆုတ်နေကုန်သနည်းဟူမူ- နတ်နှင့်လူတို.သည် ဘဝလျှင် မွေ.လျော်ရာ ရှိကုန်၏ ဘဝ၌ ပျော်မွေ. ကုန်၏။ဘဝ၌(ဘဝဖြင့်) ဝမ်းမြောက်ကျေနပ်နေကုန်၏၊ ထိုနတ်၊လူတို.အား ဘဝချုပ်ရန် အလို.ငှာ တရားကို ဟောသည်ရှိသော် (၎င်းနတ်၊လူတို.၏) စိတ်သည်(တရား၌) မဝင်စား။ မကြည်လင်(မယုံကြည်)၊ ကောင်းစွာမတည်၊ နှလုံးမသွင်း။ ဤသို.ပင်လျှင် အချို.က တွန်.ဆုတ်နေကုန်၏။
အချို.က အဘယ်သို. ကျော်လွန်၍ သွားကုန်သနည်းဟူမူ- အချို.သော နတ်လူတို.သည် ဘဝဖြင့်ပင်လျှင် နှိပ်စက်ခံရကုန်သကဲ့သို. (ဆင်းရဲကုန်သည်) ဖြစ်၍ ရှက်ကုန်သည်၊ စက်ဆုပ်ကုန်သည်၊ ရွံရှာကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်လိုလားကုန်၏။ အချင်းတို. -အကြင်အခါ၌ ဤအတ္တကောင်သည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့်(ပျက်စီးလျှင်) ပြတ်စဲသွား၏။ပျက်စီးသွား၏။ သေသည်၏နောက်၌ မရှိတော့ချေ၊ဤ ပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် ငြိမ်းအေးပေ၏။ ဤ ပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် ကောင်းမြတ်ပေ၏။ ဤ ပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် မဖေါက်မပြန် မှန်ကန်ပေ၏။-ဟုဤသို.နှစ်သက်လိုလား ကုန်၏။ ဤသို.ပင် အချို.က ကျော်လွန်သွားကုန်၏။
အဘယ်သို.လျှင် ဉာဏ်မျက်စိရှိသော သူတို.သည် မြင်ကုန်သနည်းဟူမူ-ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်သော (ခန္ဓာငါးပါး) တရားကို ဖြစ်ပေါ်သော တရားဟု မြင်၏။ မြင်ပြီးလျှင် ဖြစ်ပေါ်သော (ခန္ဓာငါးပါး) တရား၌ ငြီးငွေ.ခြင်းငှာ၊တပ်မက်ကင်းခြင်းငှာ (ထိုတရား၏)ချုပ်ငြိမ်းခြင်းငှာ ကျင့်၏။ ဤသို.ပင်လျှင် ဉာဏ်မျက်စိ ရှိသောသူတို.သည် မြင်ကုန်၏။ဟု- ဟောတော်မူပေ၏။
နာမ်-ရုပ် နှစ်ပါးတို.တွင် နာမ်သည်တန်ခိုးအစွမ်းသတ္တိမရှိ ၊မိမိ၏ တန်ခိုးအစွမ်းဖြင့် ဖြစ်ခြင်းငှာ မစွမ်းနိုင် ။ မစားတတ် မသောက်တတ်၊မသွားတတ်။ ထို.အတူ ရုပ်သည်လည်း မစွမ်းနိုင် ။စားလိုခြင်းသောက်လိုခြင်း သွားလိုခြင်းမရှိ။ စင်စစ်သော်ကား နာမ် ကိုမှီ၍ ရုပ်သည်ဖြစ်နေ၏။ ရုပ်ကိုမှီ၍ နာမ်သည်ဖြစ်နေ၏။နာမ်၏စားလိုခြင်းသည်၎င်း သောက်လိုခြင်းသည်၎င်း ဖြစ်လတ်သော် ရုပ်သည် စား၏။သောက်၏။
ဤသင်္ခတတရားတို.သည် တစ်ပါးသော တရားတို.၏ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်ကုန်၏။ တစ်ပါးသော တရားတို.ကို ဆွဲကိုင်ရ အာရုံပြုရသောကြောင့် ဖြစ်ပေါ်ကုန်၏။ ဤသင်္ခတတရားတို.ကို တစ်ပါးသောတရား ဖြစ်ကုန်သောအာရုံနှင့် အကြောင်းပစ္စည်းတို.က ဖြစ်ပေါ်စေ(အပ်)ကုန်၏။
-ပင်လယ်ရေကြောင်းခရီး၌ လူတို.သည် လှေကိုမှီ၍ သွားကုန်သကဲ့သို. ထို.အတူပင် ရုပ်ကိုမှီ၍ နာမ်အပေါင်းသည် ဖြစ်၏။
-ပင်လယ်ရေကြောင်းခရီး၌ လှေသည်လည်း လူကိုမှီ၍ သွားသကဲ့သို. ထို.အတူပင်လျှင် နာမ်ကိုမှီ၍ ရုပ်အပေါင်းသည် ဖြစ်၏။
-ပင်လယ်ရေကြောင်းခရီး၌ လူတို.သည်၎င်း၊ လှေသည်၎င်း၊ နှစ်ဦးစလုံးတို.သည် အချင်းချင်းကို မှီ၍ သွားကုန်သကဲ့သို. ထို.အတူ ပင်လျှင် နာမ်သည်၎င်း ရုပ်သည်၎င်း နှစ်ပါးတို.သည် အချင်းချင်းကို မှီ ကုန်၏။
ဤသို.နာမ်ရုပ်ကို ပိုင်းခြားဆုံးဖြတ်သော ယောဂီပုဂ္ဂိုလ်၏ သတ္တဝါဟူသော အမှတ်သညာကို လွှမ်းမိုးကျော်လွန်၍ နာမ်နှင့်ရုပ်တို.ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းကို -ဒိဋ္ဌိဝိသုဒ္ဓိ(စင်ကြယ်သောဉာဏ်အမြင်)
ဟုသိအပ်၏။
မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ်မြန်မာပြန်(စတုတ္ထတွဲ)မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
nyansoe

No comments:

Post a Comment