November 3, 2014

အမျှပေးဝေသော် မိမိမှာ ကုသိုလ်အရနည်းသွားသလား ?။

  မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေသောအခါ “ မိမိမှာ ကုသိုလ်အ
ရ နည်းမသွားပေဘူးလား ” ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း
ဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ
ဒါနကုသိုလ် ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ “ ရွှေပေါ် မြတင် ” သကဲ့သို့

မူလဒါန ကုသိုလ်အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေ၏။ ထို့ကြောင့်
အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ပွားပါသေးသည်။
         မီးခြစ် အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌
မူလမီးမှာ အရောင်မမှိန်သည့်အပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ (အလင်းရောင်)
အားရှိသကဲ့သို့တည်း။ သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တဒါန
ကုသိုလ် ဖြစ်ကြသည်သာ။ ။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment