ထိုပြခဲ့သော အကြောင်းကြောင့် တင့်တယ်ကြီးမား
ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ
သီတင်းသုံးတော်မမူပါဘဲ သတ္တ၀ါတို့၏ အကျိုးစီးပွားများကြဖို့ရာ
တရားဟောတော်မူလျက် ၄၅-၀ါ အချိန်အခါကို ကုန်လွန်စေတ်ာမူပါသည်။ ထို့နောက်
ပရိနိဗ္ဗာန်စံတော်မူခါနီး ဆဲဆဲမှာပင်-
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”
ဟု
ဆုံးမသြ၀ါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ
ဟောပြတော်မူပေသောကြောင့် ကုဋေများစွာ သတ္တ၀ါတို့ သံသရာဝဋ် ဇာတ်သိမ်း၍
အေးငြိမ်းကြရပါသည်။
ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ၀ီရိယ ကြီးမား၍ သတ္တ၀ါတို့ အကျိုးများပုံကို ယုံယုံကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ = ဘုရားရှင်သည် တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်ပါပေသည်။ ဘုရားမှတစ်ပါး တခြား ကိုးကွယ်ရာ မရှိတော့ပါ”ဟု
ဘုရားကိုးကွယ်မူ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ
မိမိသန္တာန်၌ တည်တော့၏။ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံ
အချုပ်တည်း။ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော
တစ်မျိုးမျိုးကို ဖြစ်စေ၊ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားရင်းလာရင်း ဘုရားရှိခိုးရင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများပွားနေကျ ဘာဝနာကို “ဘာဝနာ” ကျမ်းဂန်တို့၌ ရူကြပါတော့။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment