August 25, 2014

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။

၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
    ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ
    လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း။

၃။ မယားကို ယောက်ျားတစ်ယောက်အား ပေးစားစွန့်လှူ လိုက်ရသော်လည်း စိတ်တစ်မျိုး ပြောင်း
    လွဲ ဖောက်ပြန်မှု မရှိခြင်း။
၎။ မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သီ
လ၀န္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်
    ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း။
၅။ ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း၊ ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေ
    စွာ နာယူခြင်း၊ ရဟန်းသူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း။
၆။ သီလ၀န္တပုဂ္ဂိုလ် ဒုဿီလပုဂ္ဂိုလ် နှစ်မျိုးလုံး၌ပင် ညီမျှသောစိတ်ရှိလျက် ပေးလှူပြုစုခြင်း။
၇။ ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်
    မတက်ကြွခြင်း။
၈။ နောက်ထပ်တစ်ဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ် အာရုံ မရှိခြင်းတို့
    ဖြစ်ပါတယ်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment