August 25, 2014

ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်။

  “ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားရပ်ဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။
ဗုဒ္ဓပုဒ် နှင့် ဘာသာပုဒ်ကို တွဲစပ်ထားတာပါ။ ဗုဒ္ဓပုဒ်ရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။
ဘာသာပုဒ်ကတော့ (က) ပြောဆိုတဲ့စကား၊ (ခ) အလေ့အကျင့်၊ (ဂ) သင်ယူစရာ စာပေ၊ (ဃ) အ

ယူဝါဒတွေကို ညွှန်းဆိုပါတယ်။
         ဥပမာ ဆိုပါစို့..“မြန်မာနိုင်ငံမှာ ဘယ်လိုဘာသာစကားကို လူအများစု ပြောဆိုကြပါသလဲ?”
ဆိုတဲ့နေရာမှာ ပြောဆိုတဲ့စကားကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ “တောသူတောင်သားတွေဟာ သူတို့
ဘာသာဘာဝ ရိုးသားပျော်ရွှင်စွာ နေထိုင်ကြတယ်” ဆိုတဲ့နေရာမှာ အလေ့အကျင့်ကို ညွှန်းဆိုတာ
ဖြစ်တယ်။ “ဆယ်တန်းကျောင်းသား ကျောင်းသူများမှာ ခြောက်ဘာသာ သင်ယူကြရတယ်” ဆိုတဲ့
နေရာမှာတော့ စာပေကို ညွှန်းဆိုတာဖြစ်တယ်။ သူ
ဟာ မကြာမီကမှ ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓ
ဘာသာသို့ ကူးပြောင်းလာသူ ဖြစ်တယ်” ဆိုတဲ့ နေရာမှာ အယူဝါဒကို ညွှန်းဆိုတာ ဖြစ်ပါတယ်။
         ဒီနေရာမှာလည်း “ဘာသာ” ပုဒ်ဟာ အယူဝါဒကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့်
“ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားဟာ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်ပြီး သူတစ်ပါးတွေကို
လည်း သိမြငိစေတော်မူတဲ့ ရှင်တော်မြတ်ဘုရားရဲ့ အယူဝါဒလို့ အဓိပ္ပါယ်ရပါတယ်။ ရှင်တော်မြတ်
ဘုရားရဲ့ အယူဝါဒကို လက်ခံ၊ ကျင့်သုံး၊ ယုံကြည်၊ ကိုးကွယ် အားထားဆည်းကပ်သူကို ဗုဒ္ဓဘာသာ
ဝင်လို့ ခေါ်ပါတယ်။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
  အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment