October 29, 2015

ဘ၀မှာ အရှုံးကြီးရှုံးပြီပေါ့။


         “ကုသိုလ်ရဲ့အကျိုးကလည်း ရုတ်တရက်ချက်ချင်းကြီး မပေးသေးဘူး၊ ရင့်ကျက်မှ
အကျိုးပေးတာလည်း ရှိတယ်။ မရင့်ကျက်သေးပေမယ့် အကျိုးပေးတဲ့ကံလည်း ရှိတယ်။
တချို့ ကုသိုလ်ပေါ်မှာ မယုံမကြည်ဖြစ်လာတတ်ကာ.. ငါတို့ ကုသိုလ်တွေ လုပ်နေပါလျက်
ကောင်းကျိုးပေးတယ်ဆိုပြီး ဘယ်မှာလဲ ?.. မပေးပါလား၊ တော်ပြီ ကုသိုလ်မလုပ်တော့ဘူး၊

ပင်ပန်းရုံပဲ ရှိတယ်၊ ဘာမှလဲ အကျိုးမပေးဘဲနဲ့ ဘာလုပ်ရမလဲလို့” အဲဒီလို မယုံမကြည်ဖြစ်
ကာ လက်လျော့တတ်ကြတယ်။ ကုသိုလ်မလုပ်ရုံတွင် သာမကဘဲ အကုသိုလ်ဘက် ယိမ်းပါ
သွားတတ်ကြတယ်။ ဒီလိုဆိုရင် မိမိတို့ ရှုံးပြီ၊ ကံရဲ့သဘာဝက အကျိုးပေးချိန်တန်မှ၊ အ
ကြောင်းညီညွှတ်မှ၊ ပြည့်စုံမှအကျိုးပေးတာ အဲဒါကို ကိုယ်က မသိတဲ့အခါကျတော့ ကုသိုလ်
ကိုလည်း ပယ်တတ်ပြီး အကုသိုလ်အလုပ်ကျတော့ ရဲရဲတင်းတင်း ပြုလုပ်ရဲတော့တယ်။ ဒါဆို
ဘ၀မှာ အရှုံးကြီးရှုံးပြီပေါ့  သိပ်သတိထားရပါမယ်။ ။
(ဓမ္မဒူတအရှင်ပညာဇောတဆရာတော်ဘုရား၏ မိန့်မှာချက်)
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူ၍
      ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment