October 2, 2015

သတိ နဲ့  မေတ္တာကို အဆောင်အဖြစ်ထားပါ


သတိ နဲ့ မေတ္တာနဲ့  နေ ရင် တော် တော် များ များ အန္တရယ် ကင်း တယ် လုံ ခြုံ တယ်...၊ ကိုယ့်ရဲ့ မေတ္တာ ...သတိ... သမာဓိ ကြောင့်....အင်မတန် ကြည် ကြည်လင် လင် အေး အေး ချမ်း ချမ်း နေထိုင် သွား လာ လုပ် ကိုင် နိုင် ပါ တယ်...၊ တချို့  ဆရာ တော် ကြီး တွေ အင် မ တန် စိတ် ကြည်လင် အေး ချမ်း ပြီး တော့ သတိ .. သမာဓိ အလွန် ကောင်း တယ်...၊ သူတို့ နား ရောက် သွား ရင်....ကိုယ့် စိတ်ကလည်း အေး ချမ်း ပြီး တော့ ငြိမ်း ချမ်းသွားတာ မျိုး ခံစား ရ တယ်...၊

ဘာဖြစ် လို့  လဲ ဆို တော့ သူတို့ ရဲ့ မေတ္တာ စက် ကွင်း....သူ တို့ ရဲ့ သမာဓိ... သူတို့  ရဲ့ အေးချမ်း မှု စက်ကွင်းထဲ ရောက် သွား တယ်...၊ အဲ ဒီလို ပဲ မေတ္တာ ကို ပွား နေ မယ်..၊ ကိုယ့်စိတ်ထဲ မှာ မေတ္တာ စိတ် တွေ ဖြစ် နေ မယ် ဆိုရင် .... ကိုယ် ခန္ဒာ ကိုယ် ပါတ်ဝန်း ကျင် မှာ မေတ္တာ စက်ဝင်း ဖြစ်လာ တယ်..၊ ဒီ မေတ္တာ စက်ကွင်း ရဲ့ အား ကြောင့် ကိုယ် ကို တိုင် နူးညံ့ ကြည်လင် အေး ချမ်း နေ ပြီး တော့..ကိုယ် နဲ့ ပါတ် သက် ဆက်ဆံတဲ့ သူ တွေမှာ လည်း နူး ညံ့ကြည်လင် အေးချမ်းမှု ကူး ဆက် နိုင် ပါ တယ်...၊
ဘ၀ကို ညံ့ဖျင်း သွားစေတဲ့ အရာထဲ မှာ သတိမပါ ဥာဏ် မပါ ဖြစ်သလို နေတတ် လုပ်တတ်တာ ဟာ ထိပ်ဆုံးက ပါ နေတယ်..၊ သတိကောင်း လာ ရင် ဥာဏ်လိုက်လာ တယ်... သတိ မပါ ဘဲ ဥာဏ်မ ဖြစ်ဘူး....၊
"မမေ့ မ လျော့ သတိနဲ့  နေ ပါ" ဆို တဲ့ မြတ်စွာဘုရား ရဲံ့ အဆုံး အမ ဟာ အင် မတန် လေး နက် တယ်...၊ ဒီအဓိ ပ္ပါယ် နဲ့  တူ တာ မပြော နဲ့ နီး စပ် တာ ကို တောင် အခြား အယူဝါ ဒ မှာ ရှာ လို မရ ဘူး....၊ ဒါကို အရေးကြီး တယ် လို့  ဘယ်သူ မှ မသိကြ ဘူး..... ဒါ ကြောင့် ဘုရား ကို ကြည် ညို တယ် ဆို ရင် မြတ်စွာ ဘုရား အလေးထား ဆုံး ဖြစ် တဲ့ ၀ါ ဒ ကို အတတ်နိုင်ဆုံး ကြိုး စား ပြီး တော့ လိုက် နာ ရ မယ်...၊

ကျေးဇူး ရှင် ဆရာတော် ဦး ဇောတိက ၏ ဆုံး မတရား တော်*

No comments:

Post a Comment