October 10, 2015

မစင်ကို မလွယ်လိုသော်လည်း ထမင်းကို ခင်တွယ်နေသမျှတော့


☆ သတ္တဝါတိုင်း သေမင်းကို အလိုမရှိ။

☆ သို့တစေလည်း နေခြင်းကို ကြိုဆိုမိတိုင်း နာခြင်းသို့သာ ခေါင်းထိုးဝင်ကြရ
မြဲ။

☆ သတ္တဝါတိုင်း နာခြင်းကိုလည်း အလိုမရှိကြ။

☆ သို့တစေလည်း ခိုင်မာအားကို အားကိုးမိတိုင်း နာခြင်းသို့သာ ခေါင်းထိုးဝင်
ကြရမြဲ။

☆ သတ္တဝါတိုင်း အိုမင်းကုန်းကွကိုလည်း အလိုမရှိကြ။

☆ သို့တစေလည်း နုပျိုလန်းဆန်းခြင်းကိုဖြစ်စေတိုင်း အိုခြင်းသို့သာ နစ်ဝင်ကြ
ရမြဲ။

☆ စင်စစ် ထို အိုခြင်း၊ နာခြင်း၊သေခြင်းတို့သည် ဘဝဖြင့် ဇာတိကို မချီမိလေ
တိုင်း သားသည် မိခင်ကို လက်ဆက်မိသော ယောက်ျား၊ မယားကပါသော သားသမီးများကို လက်ခံလိုက်ရပါသည်ပမာ၊ အို-နာ-သေ ထိုအတွဲကိုလည်း
ခွဲထားခဲ့၍ မဖြစ်တော့နိုင်။

☆ တစ်ဖန် ယောက်ျား ဖောင်စီး၊ မိန်းမမီးနေ စကားအရ ကိုယ်ဝန်ဆောင်မိန်း
မ တစ်နေ့သင်္ချိုင်းကုန်း မျက်စောင်းသုံးခါ ထိုးနေရဖြင့် ဝမ်းလွယ်သားမွေးဒုက္ခ အလွန်လျှင်ကြီး အလွန်လည်း သေဘေးကြီးနှင့် နီးရကား ကိုယ်ဝန်မလွယ်လို သားမဖွားလို။

☆ သို့တစေလည်း လင်ယောက်ျား အလာ သာယာမိနေသမျှ လွှဲရှောင်၍မရ
ပမာလည်း အစွဲဖြင့် ဘဝကို တွဲမိလေသူတိုင်း အို-နာ-သေ ထိုအတွဲကိုလည်း ဆွဲကိုင်မိလျက်သားချည်း ဖြစ်နေပေရော့မည်။

☆ ထို အို-နာ-သေ လမ်းကို ဘူတရုပ်(ထင်ရှားရုပ်)ဓာတ်လေးပါးတို့ဖြင့် တည်
ဆောက်ထားသော ပိုင်ရှင်များကား-

☆ ရုပ်ခန္ဓာ၌ ဥပစာယ-ဖြစ်စ၊ သန္တတိ-ဖြစ်စဉ်၊ ဇရတာ-အို လိုက်လားပြီး အနိစ္စ
တာ - အိုရာမှစဲ ပြောင်းလဲသွားပြီဟူသော လက္ခဏာလေးချက်တို့ဖြင့် အထင်
အရှားပြသလျက်ကပင် ရှိချေ၏။

☆ ဥပါဒါရုပ်(အစွဲရုပ်) စိတ်ဖြင့်သာ တည်ဆောက်ထားသော ဘဝပိုင်ရှင်ဖြစ်ပါ
မူကား စိတ်ညှိုးနွမ်းခြင်း ကိုယ်မှ ချွေးထွက်ခြင်းမျှဖြင့်ပြီးပြေ၏။

☆ မည်သို့ဆိုစေ ရုပ်ဆောင်ဘဝဖြစ်ဖြစ် စိတ်ဆောင်ဘဝဖြစ်ဖြစ် ထို အို-နာ
-သေ စခန်းစဉ်ကြိးသုံးခုတို့မှကား ရှောင်လွှဲသွား၍ မရစကောင်းပြီ။

☆မဟာဗောဓိမြိုင်ဆရာတော်ကြီး☆
☆Buddhavasa Tiloka☆

No comments:

Post a Comment