October 28, 2015

အတ္တသားကောင်များ


ပုထုဇဉ်ဆိုတာ သေသေချာချာတွေးကြည့် တော့ 
အတ္တရဲ့ သားကောင်ပဲ၊ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်
ပဲ၊အတ္တစေစားတဲ့ အတိုင်းလှုပ်ရှားနေရတဲ့  အတ္တရဲ့ ကျေး
ကျွန်ပဲ။

အတ္တဆိုတာ ငါဆိုတဲ့ ဒိဌိ၊ငါ့ ဟာဆိုတဲ့ တဏှာ၊
ငါမှငါ၊ငါမို့ လို့ ဆိုတဲ့ မာန၊ဒီဒိဌိတဏှာမာနဆိုတဲ့ တရား
ဆိုးသုံးပါးကြောင့်  ငါဆိုတဲ့ အတ္တဖြစ်နေတာ။
တောထဲမှာ သူပုန်၊ဓားမြတွေခိုအောင်းနေသလို
ခန္ဓာကိုယ်ထဲမှာ ဒီတရားဆိုးသုံးပါးခိုအောင်းနေကြတယ်၊
ငါမရှိဘဲငါထင်နေတာ၊ငါမဟုတ်ပဲငါထင်နေတာဒိဌိ၊ငါမရှိ
တော့ ငါဟာဆိုတာလည်းမရှိတော့ ဘူး၊မရှိတဲ့ ငါနဲ့  ငါ့ 
ဟာမဟုတ်တဲ့ ခန္ဓာအပေါ်မှာ တပ်မက်တွယ်တာနေတာ
တဏှာ၊ငါမဟုတ်ဘဲငါမရှိဘဲ၊ငါ့ ဟာဆိုတာလည်းမရှိဘဲ၊
ငါဆိုတဲ့ ထင်တလုံးနဲ့ မြတ်မြတ်နိုးနိုးတန်ဖိုးထား အထင်ကြီး
နေတာ မာန။
တောထဲမှာ သူပုန်ထသလို၊ဓားပြသောင်းကျန်း
သလို လူတွေဆိုတဲ့ ရုပ်နာမ်လောကထဲမှာ အတ္တသူပုန်ထ
အတ္တဓားပြတွေ၊သောင်းကျန်းလို့  အနိုင်ကျင့် ကြ၊နှိပ်စက်
ကြ၊သတ်ဖြတ်ကြ၊ညှင်းပန်းကြ၊အကြမ်းဖက်ကြ၊ခိုးဝှက်ကြ
၊လုယက်ကြ၊လိမ်ညာကြ၊ဖောက်ပြန်ကြ၊တိုက်ခိုက်ကြ၊နဲ့ 
မငြိမ်မသက်၊မငြိမ်းမချမ်းဖြစ်နေကြတာ။
လူအများစု နေ့ စဉ်လှုပ်ရှားရုန်းကန်နေကြတာ
ဘာအတွက်လဲ၊ငါ့ အတွက်ရယ်၊ငါ့ နီးစပ်ရာအတွက်ရယ်၊
ကောင်းစားဖို့ ၊ကြီးပွားဖို့ ၊ချမ်းသာဖို့ ၊ဒီရည်စူးချက်တွေနဲ့ 
လှုပ်ရှားနေကြတာ။
အမျိုးဘာသာသာသနာအတွက်အတွက်ဆိုတာ
ပါတဲ့ အခါတော့ ပါပါလိမ့် မယ်၊ဒါပေမဲ့ ငါဆိုတဲ့ အတ္တစည်း
ဝိုင်း၊အတ္တကြိုးဝိုင်းအတွင်းကတော့ ထွက်နိုင်ခဲ့ တယ်၊စေတ
နာမေတ္တာထားတယ်ဆိုတာတောင် ငါနဲ့ နီးစပ်သူ၊ငါ့ အပေါ်
ကောင်းတဲ့ သူလောက်ပဲထားနိုင်ကြတာ။
နေ့ စဉ်တစ်ငါတည်းငါပြီး အယူလွဲဖောက်ပြန်
ဝါကြွားထောင်လွှားနေကြတာ၊ငါဟာအတ္တရဲ့ သားကောင်
ပါလားလို့  မသိ၊မမြင်၊မရိပ်စားမိကြတာ ပုထုဇဉ်အဖြစ်ဟာ
အဖြစ်ဆိုးလွန်းလှပါတယ်။
အရှင်သံဝရာလင်္ကာရ
(ဓမ္မပီယဆရာတော်)

No comments:

Post a Comment