October 11, 2015

ဒီလိုဆိုရင် အပါယ်မကျဘူး။


      ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များတွင် ရှေးဘ၀၊ နောင်ဘ၀ရှိတယ်ဆို
တာ ဖြစ်စဉ်သာဓကများနှင့် ဟောကြားခဲ့သလို ဗုဒ္ဓဘာသာများကလည်း ယုံကြည်ကြပါတယ်။ တ
မလွန်ဘ၀ဆိုတာ ရှိနေသေးတဲ့အတွက်ကြောင့် ယခုဘ၀အရေးတင်မက နောင်ဘ၀အရေးအတွက်
ပါ ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ ရှိအောင်လုပ်ကြရပါမယ်။

         ဗုဒ္ဓဘာသာဝင်များ  အနေဖြင့် ယခုဘ၀တာ ချုပ်ငြိမ်းပြီးနောက်  အပါယ်လေးပါးသို့   ကျ
ရောက်မည်ကို မလိုလားကြပါ။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံကား
များစွာ အောက်တန်းကျလှပြီး ဒုက္ခမီးအလျှံဖြင့် အစဉ်ပူပြင်းလောင်ကျွမ်းနေသောဘုံများ   ဖြစ်
သောကြောင့်ပါ။ အကယ်၍ ကျရောက်ခဲ့သော် ဆိုးကျိုးကား မတွေးဝံ့အောင်ပင် ဖြစ်ပါသည်။
        ဒါကြောင့် အပါယ်လေးပါးသို့ မလားရောက်လိုသော် အဘယ်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်
ဖြစ်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီးက သြ၀ါဒပေးတော်မူသည်
မှာ=..  “ ဘုရားကို သြကာသ၊ သြကာသနှင့် ရှိခိုးနေလို့ မပြီးသေးဘူး။ ဘုရားဂုဏ်တော်တွေကို
တစ်ပါးပြီးတစ်ပါး လေ့လာပါ။ တရားဂုဏ်တော်တွေကို တစ်ပါးပြီးတစ်ပါး လေ့လာပါ။  မြန်မြန်မ
လေ့လာပါနှင့်။ နှစ်ပေါင်းများစွာ ကြာချင်ကြာပါစေ။ တစ်ပါးပြီးတစ်ပါး လေ့လာလို့ သဘောကျတဲ့
ဂုဏ်တော်တွေကို ထပ်ခါထပ်ခါ အာရုံပြုပြီးတော့ ရှိခိုးတဲ့အခါ အာရုံယူ၊ အဲဒါဗုဒ္ဓါနုဿတိ ကမ္မဌာန်း
ပဲ။ သြကာသ သြကာသတင် လုပ်မနေပါနှင့်။
         ပြီးတော့မှ အားလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ၀ိပဿနာရှုပါ။ တစ်မိနစ်လောက်နေပါ။ အချိန်
အကြာကြီးမဟုတ်ပါဘူး။ အဲဒီလိုနေပါ။ ငါးပါးသီလလုံတယ်။ ဘုရား၊ တရား၊ သံဃာဂုဏ်တော်တွေ
ကို သိတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုတယ်။ ဒီလိုဆိုရင် အပါယ်မကျဘူး။ ရဲရဲတင်းတင်းသာနေ။
အပါယ်မကျဘူး။ ” လို့ ရဲရဲဝံ၀ံ အာမခံထားပါတယ်။
         ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး
သြ၀ါဒပေးတော်မူသည့်နည်းအတိုင်း ကျင့်ကြံအားထုတ်မှုကြောင့် တစ်ဆင့်ပြီးတစ်ဆင့်  မြင့်မြတ်
သထက်မြင့်မြတ်ကာ ရရောက်နိုင်တဲ့ မဂ်ဉာဏ် ဖိုလ်ာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်တဲ့၊ စံ
စားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
 { မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏သြ၀ါဒတော်များကို ကိုးကားရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment