October 10, 2015

လောကကို အလှဆင်နိုင်ကြပါစေ


ယနေ့ကမ္ဘာကြီးသည် လူတို့လောဘ၊ဒေါသ၊မောဟတွေကြောင့်စစ်မက်များဖြစ်ပွားခြင်း၊ ကပ်ရောဂါ အမျိုးမျိုးတို့ကျရောက်ခြင်း၊ ရာသီဥတုများဖေါက်ပြန်ခြင်းစသည့်အကြောင်းအရာများဖြင့် အလွန်ကြောက်မက် ဖွယ်ကောင်းပါသည်။ တစ်နိုင်ငံသားအချင်းချင်း၊ ဘာသာတူအချင်းချင်းညင်းဆဲ သတ်ဖြတ်မူ့တို့ဖြင့်အတိ ပြည့်နေသည်။ သနားညှာတာမူ့၊ ကိုယ်ချင်းစာနာမူ့တို့ဆိတ်သုဉ်းနေပါသည်။ ပျော်ရွင်ဖွယ်ကောင်းအောင်ဖန်တီးပေးထားသောသဘာဝတရားတို့သည် လူတို့၏ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့်အကျည်းတန်အရုပ်ဆိုးနေရပါသည်။ မိမိတို့၏လိုချင်တပ်မက်မူ့-လောဘ၊ စိတ်ဆိုး အမျက်ထွက်မူ့-ဒေါသ၊ အမှား အမှန်မခွဲခြားနိုင်ပဲတွေဝေမိန်းမောမူ့-မောဟတို့ကြောင့် မိမိပတ်ဝန်းကျင် မိမိ၏မိသားစု၊ ရပ်ရွာ၊မြို့၊တိုင်းနိုင်ငံတို့သည် ပူဆွေးသောကဗျာပါဒတို့ဖြင့်ပြည့်နက်နေပါသည်။ နေရာဒေသ၊ ပုဂ္ဂိုလ်၊ လူမျိုး၊ ဘာသာမရွေး နေရာတိုင်း၊ နိုင်ငံတိုင်း၌ လူကြီးလူငယ်အရွယ်စုံ အများစု တို့သည် အနေအထိုင်၊ အစားအစာ၊ ရောဂါဝေဒနာများစွာတို့ဖြင့် ဆင်းရဲဒုက္ခကြုံနေရပါသည်။ ထိုအကြောင်းအရာ များစွာတို့ကို လူတို့ကသာ ဖန်တီးခြင်းဖြစ်ပါသည်။ ထိုသို့ဖန်တီးနိုင်ခြင်းမှာလူများစွာ တို့တွင် အသိပညာ နည်းပါးမူ့၊ ဗဟုသုတနည်းပါမူ့၊ ပတ်ဝန်းကျင်၏စေ့စော်မူ့၊ ကိုယ်ကျင့်တရားများ ပျောက်ဆုံးမူ့တို့ကြောင့်ဖြစ်ပါသည်။ ထိုသို့သော ဘေးဒုက္ခအမျိုးမျိုးတို့မှကင်းဝေးရန်အတွက်လူတိုင်းတွင်တာဝန်ရှိပါသည်။ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအ၀န်းမှစတင်လျှက် ကလေးများအားငယ်စဉ်အခါမှစတင်၍ အသိအလိမ္မာ နှင့်ပြည့်စုံ စေရန်၊ သတ္တ၀ါတိုင်း၊ လူတိုင်းကိုမိမိနှင့်ထပ်တူချစ်ခြင်း-မေတ္တာတရား၊ သတ္တ၀ါတိုင်း အပေါ်၌ငဲ့ညာသနားမူ့ - ကရုဏာတရား၊ သူတပါးချမ်းသာမူ့အောင်မြင့်မူ့တို့အပေါ်၌၀မ်းမြောက်မူ့ - မုဒိတာ တရား၊ မိမိအပေါ် မကောင်းပြောဆိုမူ့ရူတ်ချမူ့တို့အပေါ်၌လျစ်လျူရူနိုင်ခြင်း - ဥပေက္ခာတရား စသော ဘာသာတရားများအား သင်ကြားပေးခြင်းတို့ကို ကိုယ်တိုင်သော်လည်းကောင်းသင်ကြားပြသ ဆုံးမပေးနိုင်သောဆရာသမားတို့အား လည်းကောင်းညွှန်ပြပေးရပါမည်။ လူတိုင်းလူတိုင်းမေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာတရားတည်းဟူသော ဗြဟ္မစိုရ်တရားလက်ကိုင် ထားနိုင်မှသာ ဤကမ္ဘာလောကကြီးသည် အကျည်းတန်အရုပ်ဆိုးခြင်းမှဆိတ်သုဉ်းပျောက်ကွယ်ပြီး အမြဲ ထာဝရ့လှပနေမည်သာဖြစ်ပါသည်။

Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:

Post a Comment