October 20, 2015

မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်။

မိစ္ဆာဒိဌိဖြစ်သူဟာ အကျွတ်တရားရဖို့ အခွင့်အရေး ဆုံးရှုံးနေသူပါ။  ဘုရားပွင့်တယ်၊
ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘု
ရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေမယ်၊

မက္ခလိဂေါသာလကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ပုရာဏကဿပကို ကိုးကွယ်သူ ဖြစ်နေမယ်၊
ရဟန်းဂေါတမဟောတဲ့တရားတွေ မမှန်ဘူးလို့ ယူဆသူ ဖြစ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ဘုရား
တရား မနာပါ။
         မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ ကံရဲ့အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်။
ဒါနကောင်းမှုလုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့။ ဒီလောကမှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်
နောင်လောကဆိုတာ မရှိဘူး။ နောင်လောကကပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး၊
ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ်တို့ဆိုတာ မရှိဘူးလို့ဆိုတဲ့အယူဝါဒ၊ နတ္ထိက၀ါဒ၊ ဒီမိစ္ဆာ
အယူဝါဒ ယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်လို့
တရားဟောသော်လည်း အကျွတ်တရားရဖို့ အခွင့်အလမ်း မရှိပါ။ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့
ပုဂ္ဂိုလ်လည်းပဲ အခွင့်အရေးဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။
         ဒီ မိစ္ဆာအယူဝါဒကို သူတို့စွန့်လွှတ်လိုက်ရင် ဗုဒ္ဓမြတ်စွာတရားကိုနာမယ်ဆိုလို့ရှိရင်
သူတို့မှာ နားထောင်နိုင်ဖို့ နားရှိမယ်၊ အသိဉာဏ်လည်းရှိမယ်ဆိုရင် ရနိုင်မယ်။ သို့သော်
ယုံကြည်မှုမရှိသည့်အတွက်ကြောင့် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို မနာကြဘူးတဲ့၊ မနာလို့ တရားကို
မသိရသည့်အတွက်ကြောင့် သံသရာဝဋ်က ကျွတ်လွတ်ဖို့ဆိုတာ သူတို့ အခွင့်အရေးမရှိဘူး။ ဒါ့
ကြောင့်မို့လို့ အဲဒီမိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်
ယောက်ဖြစ်ပါတယ်။
          ဒါကြောင့် တရားချစ်ခင်ဓမ္မမိတ်ဆွေအပေါင်းတို့ ကံကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ
တို့တတွေပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံ
ကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည်
ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်
နိုင်ကြပါစေကုန်သတည်း။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment