နတ်မှာ ပြဿနာမရှိ ၊ တောင်တွေးမြောက်တွေးနှင့် အငြိမ်မနေတတ် ၊ ဆတ်ဆော့သော နတ်မှာ ပြဿနာ ကပ်လာ၏။
နတ်သားတစ်ယောက်သည် လောကအကြောင်းကို ပေါက်ပေါက်ရှာရှာ ကြံစည်လေ၏။
အတွေးနယ်ပယ်ကို ကျယ်ကျယ်ချဲ့ ၊ ဉာဏ်စွမ်းကိုရှိသမျှထုတ်၍ သုံးကြည့်သည်။
အဖြေကိုကား သူ မတွေ့လေ။ ကြာသော် ထိုနတ်သား၏ ကိုယ်တွင် ပြဿနာကပ်နေခြင်းသာ
အဖတ်တင်ရုံမက ကိုယ်ပန်းစိတ်ပန်း ဖြစ်လာသည်။ ထိုအခါ ထိုနတ်သားသည်
ဗုဒ္ဓမြတ်ဘုရားအား သွား၍ သတိရမိလာသည့်အလျောက် ကသီလင်တနှင့် ဗုဒ္ဓရှေ့တော်ဝင်၍
သူ့ပြဿနာကို ဖြေရှင်းပေးတော်မူပါရန် ပန်ကြားလေသတည်း။
နတ်သား မေး။ ။ အို - သုံးလောကမှန်ကူ သယမ္ဘူ ရှင်တော်မြတ်ကြီးဘုရား ၊
(၁) လောကကို နှိပ်စက်ကလူ ပြုမူနေသည်ကား အဘယ်အရာပါနည်း။ (၂) ထိုလောကကို
ဘယ်အရာများက ခြံရံနေပါသနည်း။ (၃) အဘယ်မည်သော မြားလက်နက်က လောက၏
နှလုံးသည်းပွတ်ကို ဖောက်ထွင်းစူးဝင်နေပါသနည်း။ (၄) အဘယ်အရာသည် အခါခပ်သိမ်း
လောကကို လောင်မြိုက်နေပါသနည်း ဘုရား။ ဤပုစ္ဆာအတွက် ဗုဒ္ဓမြတ်ဘုရား
မြွက်ကြားတော်မူသည့် အဖြေကား - ဗုဒ္ဓ အဖြေ။ ။ ညဥ့်နက်သန်းခေါင် ၊
ငါ့အဆောင်သို့ ၊ ကိုယ်ရောင်ထင်စွာ ၊ ဝင်ရောက်လာပြီး ၊ ပြဿနာတင်ပြ ၊ အို -
ဒေဝ။ (၁) လောကကို နှိပ်စက်ကလူပြု၍ ထင်သလိုမင်းမူနေသည်ကား သေမင်းဖြ