September 3, 2019

အမှိုက်မပြစ်ကြပါနဲ့

ခန္ဓာငါးပါးက ရေကန်နှင့်တူတယ် မြင်ခန္ဓာ ကြားခန္ဓာ နံခန္ဓာ စားခန္ဓာ ထိခန္ဓာ တွေးခန္ဓာ တွေကလည်း ရေကန်တွေပါပဲ

အဲ့ဒီ ရေကန်တွေထဲကို လူတွေက အမှိုက်တွေ ချကျတယ်
ဘာအမှိုက်တွေလည်းဆိုတော့ လောဘ ဒေါသ မောဟဆို
သော အမှိုက်တွေ ဒီအခါ ကန်ထဲက ရေတွေ နောက်လာလို့
အသုံးချ၍ မရတော့ပါ

လောကမှာ လူတွေ အသုံးပြုနေတဲ့ ရေကန်တွေထဲ အမှိုက်တွေချတဲ့အခါ အမှိုက်တွေကြောင့် ကန်ထဲကရေတွေ ညစ်နွမ်းလာလို့ အသုံးပြု၍ မရတော့ဘူး အမှိုက်တွေက ရေကိုပျက်စီးစေတယ်

လောကမှာ လူတွေ အို နာ သေနှင့်ကြုံ သံသရာတွေလည်ပြီး
ဒုက္ခတွေ ရောက်နေရတာ လောဘ ဒေါသ မောဟ တွေကလုပ်နေတာ ဒီလောဘ ဒေါသ မောဟ တွေကအမှိုက်တွေနဲ့တူပါတယ် လူတွေက လောဘ ဒေါသ မောဟဆိုသော အမှိုက်တွေ ဘယ်ကို ချနေသလည်းဆိုရင် ခန္ဓာရေကန်ထဲကို ချနေကျတယ်

ခန္ဓာကို သဘောကျရင် လောဘ
ခန္ဓာကို သဘောမကျရင် ဒေါသ
ခန္ဓာပေါ်တာ မသိရင် မောဟ

မြင်ခန္ဓာ ရေကန်ထဲကို လောဘ ဒေါသ မောဟ အမှိုက်တွေချတယ် ဒီအခါ ရေကန်ထဲက ရေတွေ ပျက်စီးလို့ သုံးမရတော့ဘူး

ဒါကြောင့် လောဘ ဒေါသ မောဟ အမှိုက်တွေ မချမိအောင် သတိထားပါ ဉာဏ်ကလေးနှင့်ပေါ့ ခန္ဓာတွေ ပေါ်တိုင်း ပေါ်တိုင်း ခန္ဓာနောက်က ဉာဏ်လိုက်ပေးပါ ဒီလို ဉာဏ်လိုက်နေရင် တဏှာ ဥပါဒါန် ကံတွေ မလိုက်တော့လို့ သမုဒယ အမှိုက်တွေ မချဖြစ်တော့ဘူး

ခန္ဓာ အားလုံးဟာ ဖြစ်ပြီးပျက်နေတာကို ခန္ဓာဉာဏ်ရောက်မြင်တော့ မိမိစိတ်မှာ ဉာဏ်ပေါ်လို့ လောဘ ဒေါသ မောဟတွေမဖြစ်တဲ့အခါ လောဘ ဒေါသ မောဟ အမှိုက်တွေ မချဖြစ်တော့ဘူး

ဒါကြောင့် ဗုဒ္ဓက ခန္ဓာဆိုသော ရေကန်ကြည်လင်နေအောင်
ခန္ဓာတွေ ပေါ်တိုင်း ပေါ်တိုင်း သိပေးပါ နောက် ဖြစ်ပြီးတော့
ပျက်နေတာကို မြင်အောင် ဉာဏ်နှင့်ကြည့်ပေးပါဆိုပြီး ဟော
ကြားတော်မူပါတယ်။

No comments:

Post a Comment