September 1, 2014

အကြောင်းပြုကံလေးမျိုး

(၁) ဂရုကံ - အကျိုးအပြစ်အလွန်ကြီးလေးသောကံ
ယခုဘ၀တရားအားထုတ်၍မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ဈာန်ကုသိုလ်ကံများသည် မလွဲဧကန်အကျိုးပေးမည့်ကုသိုလ်ဂရုကံများဖြစ်ပြီး ပဉ္စာနန္တိယကံနှင့်နိယတမိစ္ဆာဒိဌိအယူရှိသောကံများသည်လည်း

 သေသည်နှင့်အခြားမရှိဧကန်အ၀ီစိငရဲသို့ကျရောက်မည့် အကုသိုလ်ဂရုကံများဖြစ်သည်။


(၂) အာသန္နကံ - သေကာနီးကာလတွင်ကပ်ပြီးပြုလုပ်သောကံ
သေကာနီးကာလတွင်တရားရှုမှတ်ခြင်း ငယ်စဉ်ကပြုခဲ့သောကုသိုလ် 

အကုသိုလ်ကံများ အလှူဒါန တရားနာ သီလဆောက်တည်ခြင်း
စသည်တို့ကိုပြန်လည်နှလုံးသွ
င်းခြင်းသည် ချက်ခြင်းအကျိုးပေးသည်။
 လောဘ ဒေါသ မောဟဖြစ်နေလျှင်လည်း အပါယ်ကျတတ်သည်။

(၃) အာစိဏ္ဏကံ - အမြဲပြုလုပ်သောကံ
နေ့စဉ်မပြတ်စွဲစွဲမြဲမြဲပြုလုပ်ထားသော ကုသိုလ် အကုသိုလ်ကံတို့ကိုခေါ်သည်။ ကုသိုလ် အကုသိုလ်တစ်ကြိမ်တစ်ခါပြုလုပ်ပြီး သမ္မပ္ပဓာန်တရားလေးပါးအရ
အမြဲထပ်တလဲလဲ ၀မ်းမြောက်သတိရနေခြင်းသည်လည်းအာစိဏ္ဏကံမည်၏။


(၄) ကဋတ္တာကံ - အမှတ်မထင်ပြုလုပ်သောကံ
အထူးကြံစည်ပြုလုပ်ခြင်းမရှိပဲသာမန်ဝတ်ကျေတန်းကျေပြုလုပ်သော

ကံဖြစ်သည်။ 
မည်သူမျှဤကံနှင့်မကင်းကြပါ။ လမ်းပေါ်တွင်ပုလင်းကွဲတွေ့၍လူအများမနင်းမိစေရန်ဖယ်ရှားလိုက်တဲ့
ကုသိုလ်ကဋတ္တာကံ တံမြက်စည်းလှဲရင်းပိုးမွှားသေကြေပျက်စီးခြင်း အကုသိုလ်ကဋတ္တာကံတို့သည်လည်းအလျဉ်းသင့်သလိုအကျိုးပေး
သွားမည်ဖြစ်သည်။

ဂရုကံသည်ဦးစွာအကျိုးပေးမည်။ ဂရုကံမရှိပါက အာသန္နကံအကျိုးပေးမည်။
 နောက်အာစိဏ္ဏကံအကျိုးပေးမည်။

 နောက်ဆုံးကဋတ္တာကံသည်နိဗ္ဗာန်မရောက်မီဘ၀အလျဉ်းသင့်
သလိုအကျိုးပေးမှာဖြစ်ကြောင်း 
ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ၏ဗုဒ္ဓရည်မှန်းမြတ်ပဌာန်း(ကမ္မပစ္စည်း)
တရားတော်မှထုတ်နှုတ်ပူဇော်ပါသည်။

အကျိုးပေးကံလေးမျိုးကိုကျိုးပေးသန်လှဇောဓမ္မတရားတော်မှ
ထုတ်နှုတ်၍ဆက်လက်မျှဝေပါမည်။
(ကို Tin Than ။ဖေ့စ်ဘုတ်မှပေးပို့ပူဇော်ထားပါသည်)

No comments:

Post a Comment