၁။ ၀ိတက် = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ရောက်အောင် ပို့ပေးခြင်း။
၂။ ၀ိစာရ = ၀ိတတ်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာ
ရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း။
၃။ ပီတိ = ၀ိစာရက အဖန်ဖန် သုံးသပ်ဆင်ခြင်သည့်အတွက် အာရုံကို နှစ်သက်နေခြင်း။
၎။ သုခ = အာရုံ၏ အရသာကို ချမ်းသာ၏ဟု ခံစားနေခြင်း။
၅။ ဧကဂ္ဂတာ = ရှေးဈာန် ၄ ပါးက ပြုလုပ်ပေးသည့်အတွက် အရသာ ပေါ်ထွက်နေသော အာရုံ၌
တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသဘောတို့ ဖြစ်ပါတယ်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
တစ်ယောက်မှ ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment