May 19, 2016

သီလသိက္ခာ သာသနာ ရှည်ကြာတည်တံ့ပါစေသော်။

  ဗုဒ္ဓ၏ အဆုံးအမအောက် ခိုလှုံရောက်ရှိလာကြသော ဘုရား၏သားတော် ရဟန်း သာမဏေများ
သည် သံသရာ ၀ဋ်ဒုက္ခမှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးငှာ တောင်းပန်ခဲ့ကြ
သည်ချည်းသာ ဖြစ်ကြ၏။ ထို့ကြောင့် မိမိ၏ မူလရည်ရွယ်ချက် မပျက်ပြားစေရန် နိဗ္ဗာန်၏ ဖီလာကန့်

လန့် ဆန့်ကျင်ဘက်ဖြစ်သော ပြုမူပြောဆိုမှုများကို လုံးဝရှောင်ရှားသင့်ပေသည်။
         မိမိ၏ ကိုယ်ကျင့်ဓမ္မကို ဂရုဂါရ၀ ထားနိုင်မှ သူတစ်ပါး၏ ကိုယ်ကျင့်ဓမ္မကို ဂရုဂါရ၀ ထားနိုင်မည်
ဖြစ်ပါသည်။ ဤသို့ အညမည ဂါရ၀ ရှိကြမှသာလျှင် စည်းလုံးညီညွှတ်နိုင်မည် ဖြစ်သည်။ မိမိကိုယ်ကို
ကြည်ညိုလေးစားမှု မရှိသော ပုဂ္ဂိုလ်သည် သူတစ်ပါး ကြည်ညိုလေးစားနိုင်မည် မဟုတ်ပေ။ ထိုပုဂ္ဂိုလ်
မျိုးကို အညမည ၀စနေန အချင်းချင်းပြောဆိုဆုံးမခြင်းဟု ဆိုအပ်သော သူတော်ကောင်းတရားကို
လက်ခံကျင့်သုံးနိုင်မည် မဟုတ်။ အညမည၀ုဌာပနေန =အချင်းချင်း အာပတ်မှထစေခြင်းဟု ဆိုအပ်သော
သူတော်ကောင်းတရားကို လက်ခံကျင့်သုံးနိုင်မည် မဟုတ်တော့။ ဓမ္မ၀ိနယသာသနာ ကြီးပွားရာကြီးပွား
ကြောင်း ကောင်းမြတ်သည့်တရားနှစ်ပါးကား
ရဟန်းများ၏ သန္တာန်၌ မရှိတော့။ အနည်းငယ်သော
လဇ္ဖီရဟန်းများသာ ဂရုဂါရ၀ထား၍ အပြစ်အာပတ်များ ကုစားနေကြသည်ကို တွေ့မြင်ရတော့၏။
         ဓမ္မ ၀ိနယ သာသနာနှင့်ပတ်သက်၍ ကျေးဇူးတော်ရှင် ညောင်လွန့်ဆရာတော်ကြီးက တပည့်
များအား "ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ ပရိယတ္တိကို မဆုတ်မနစ် ကြိုးစားကြပါ။ ၀ိနည်းသိက္ခာပုဒ်တော်နှင့်
စပ်လို့ အသေးအဖွဲ့ကလေးကအစ ထိန်းသိမ်းပြီး ဆရာသမား ရှေးမထေရ်ကြီးများ၏ ဒိဌာနုဂတိ
ရှိကြပါ။ မြတ်စွာဘုရား တားမြစ်တာ၊ လုပ်ခိုင်းတာ အားလုံးဟာ သတ္တ၀ါတွေ ချမ်းသာဖို့ချည်းပဲ။ သင်္ခါရ
တရားတွေဟာ ဘာမှအားကိုးစရာ အနှစ်သာရ မရှိဘူး။" ဟု သြ၀ါဒပေးတော်မူခဲ့ဖူး၏။
         ရဟန်း သာမဏေများသည် ပရိယတ် ပဋိပတ် အလုပ်ကို ကြိုးစားအားထုတ်မှုမရှိ၊ ၀ိနည်းသိက္ခာ
ပုဒ်များလည်း မလေးစား၊ ဆရာသမား ရှေးမထေရ်ကြီးများ၏ ဒိဌာနုဂတိကိုလည်း မလိုက်နာ၊ ၀ိပဿနာ
တရား ပွားများအားထုတ်မှု၌လည်း မမွေ့လျော် မပျော်ပိုက်သည်ရှိသော် ဓမ္မ၀ိနယ သာသနာအရေး
ရင်လေးစရာပင် ဖြစ်တော့၏။
         ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ကြီးကလည်း " ဘုရားအဆုံးအမ ဖြစ်တဲ့ ပိဋကတ်သုံးပုံ
အကုန်လုံးဟာ ဆင်းရဲလွတ်ကင်းမှု တစ်ခုတည်းဖြစ်လို့ အားလုံးအတူတူပဲ။ ဘုရားဆုံးမတာ မှန်သမျှ
ချမ်းသာဖို့ချည်းပဲ။ မဆုတ်မနစ် အားထုတ်ကြ " ဟုမိန့်ကြားခဲ့၏။ နာယူမှတ်သား လေးစားကြပါရန်
တိုက်တွန်းရေးသားပူဇော်ပါသည်။  ။
(မဟာဝိဟာရကျောင်းတိုက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment