November 18, 2015

မနက်ဖြန်သေမယ်ဆိုရင် ဘာလုပ်ကြမှာလဲ ?။

တကယ်လို့များ မနက်ဖြန်သေမယ်ဆိုရင်, ဓမ္မမိတ်ဆွေတို့မှာ မနက်ဖြန်အတွက် စားစရာ၊
နေစရာ၊ ၀တ်စရာတွေရှိနေကြမယ်။ သက်တမ်းတစ်လျောက်သင်ယူတတ်မြောက်ထားတဲ့ အ
တတ်ပညာတွေ၊ ရရှိထားတဲ့ ရာထူးဂုဏ်ဝါ စည်းစိမ်ဥစ္စာဟာ နေရေးအတွက်တော့ စိတ်အေးရ
ပါပြီ။ အချို့နောက်အနှစ်ငါးဆယ်၊ အနှစ်တစ်ရာ စားလို့သုံးလို့မကုန်၊ မကုန်ရုံသာမက သားတွေ
မြေးတွေအတွက်ပါ စည်းစိမ်ဥစ္စာအမွေတွေ ထားခဲ့ကြတော့မယ်။

         ဒါဖြင့်ကောင်းပါပြီ။ ဇနီးမယား၊ သမီးသားအတွက်တော့ စည်းစိမ်ဥစ္စာအမွေတွေထားခဲ့ပြီး
မိမိကလည်း ဇာတိဆိုတဲ့ သံသရာစက်ဝန်းမှာ ၀င်ပြီးနေလို့ အိုရမယ် အမှန်၊ နာရမယ် အမှန်၊
သေရမယ် အမှန်။ နေရေးစိတ်အေးရပေမယ့် သေရေးကို ဘယ်လိုရင်ဆိုင်ကြမှာလဲ ?။ မဖြစ်
မနေတော့ ရင်ဆိုင်ကြရတော့မယ်။ ကောင်းမှုကုသိုလ် သုစရိုက်အမှုတွေပြုပြီး ရင်ဆိုင်ကြမှာ
လား။ မကောင်းမှုအကုလိုလ် ဒုစရိုက်တွေလုပ်ပြီး ရင်ဆိုင်ကြမှာလား။
         ဒီနေရာမှာ ကောင်းမှုကုသိုလ်ဆိုတာ အခံတရား၊ လှေနဲ့တူတယ်။ မကောင်းမှုအကုသိုလ်
ဆိုတာ ၀န်ထုပ်ဝန်ပိုးနဲ့တူတယ်။ ကောင်းမှုကုသိုလ်နည်းနည်းလုပ်ရင် လှေငယ်ငယ်နဲ့တူတယ်။
မကောင်းမှုအကုသိုလ် နည်းနည်းလုပ်ရင် ၀န်ပေါ့တယ်။ ဒီတော့ လှေကိုပဲကြီးအောင်လုပ်မလား၊
ဝန်ကိုပဲများအောင်တင်မလား၊ ၀န်လေးတာနဲ့အမျှ လှေမနိုင်ရင် နစ်သွားမယ်။ လှေကြီးတာနဲ့
အမျှ ၀န်ပေါ့ကလေးတင်မိတယ်ဆိုရင် မသိမသာဝန်ကလေးမို့ လှေဟာ ပေါလောပေါ်နေမယ်။
         သေခါနီးကာလမှာ ကံရယ်၊ ကမ္မနိမိတ်ရယ်၊ ဂတိနိမိတ်ရယ်ဆိုပြီး နိမိတ်သုံးမျိုးလာပါ
တယ်။ ဒီမှာ ကံဆိုတာက မိမိတို့ဘ၀တာတစ်လျောက် ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုကံတွေပါ။
အဲဒီကံတွေထဲက တစ်မျိုးမျိုးသောကံက အနာဂတ်ဘ၀၊ နောက်ဘ၀ ပဋိသန္ဓေဇာတိကို ဖြစ်စေ
မယ့်ကံ။ အဲဒီကံကလည်း သေခါနီးကာလမှာ ထင်ဟတ်လာတတ်တယ်။ မိမိဘ၀တာတစ်
လျောက် ကောင်းတဲ့သုစရိုက်အမှုတွေပြုခဲ့ရင် ကောင်းကျိုးပေးပြီး၊ ဒုစရိုက်မကောင်းမှုတွေ
လုပ်ခဲ့ရင် မကောင်းကျိုးပေးမှာပါ။ ဒါဖြင့် ကောင်းကျိုးအတွက် ဒါနကုသိုလ်တွေ၊ သီလကု
သိုလ်တွေ၊ သမထ ၀ိပဿနာကုသိုလ်တွေလုပ်ထားရပါမယ်။ ကုသိုလ်များရင် လှေကပေါ်မယ်၊
အကုသိုလ်များရင် လှေနစ်ပါမယ်။ ဒါကိုကြပ်ကြပ်ကြီးသတိပြုပြီး ကျေးဇူးတော်ရှင် မင်းကွန်း
တိပိဋကဓရဆရာတော်ကြီးတိုက်တွန်းသလို ===
* ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
* ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
* ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ .... ဟု တိုက်တွန်းရေးသား
လိုက်ပါတယ်။ ။
{ အောင်ဆန်းမြို့၊ တောရတပ်ဦးကျောင်း အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ
  ဟောကြားသော “ ဗုဒ္ဓညွှန်ကြား မသေဆေးတရားတော်” မှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment