November 18, 2015

စိတ်ဓာတ်ကျဆင်းမှု ၊ စိတ်ဖိစီးမှု”ကိုလျော့ချခြင်း

                                                                     စီးပွားရေးမပြေလည်မှုတွေ၊ မိသားစုအတွင်း မပြေလည်မှုတွေ၊
ရောဂါဝေဒနာဖြစ်လို့ စိတ်ဓာတ်ကျနေတာတွေ၊ ဒါတွေကို အကြောင်းပြုပြီးတော့ လူတွေမှာ
“စိတ်ဖိစီးမှု”ဆိုတဲ့“စိတ်ဓာတ်ကျဆင်းမှု” ဆိုတာတွေ လူတွေရဲ့သန္တာန်မှာ ဖြစ်နေတတ်ပါတယ်။

အဲဒီလိုဖြစ်နေလို့ရှိရင် အိပ်ဆေး သောက်ပြီးတော့ ဖြေရှင်းမလား၊
လူငယ်လူရွယ်တွေဆိုအရက်သောက်ပြီးတော့ ဖြေရှင်းမလား၊ (သို့မဟုတ်) စိတ်ကြွဆေးတွေနဲ့ တားမလား၊
အဲဒါတွေနဲ့ သွားလုပ်လို့ ရှိရင် လုံးဝမှားသွားလိမ့်မယ်။ကမ္ဘာမှာ အဲဒီ စိတ်ဖိစီးမှုဒဏ်တွေကို အိပ်ဆေးတို့၊
စိတ်ကြွဆေးတွေနဲ့ ဖြေရှင်းနေကြလို့ ဒီစိတ်ကြွဆေးတွေ သောက်ရင်းသောက်ရင်းကနေပြီးတော့
စွဲလမ်းသွားပြီးတော့ မသောက်ရ မနေနိုင်တဲ့အဆင့်ရောက်ပြီးနောက်ဆုံး အသက်ထိအောင် ဆိုးသွားတဲ့
အနေအထားထိရောက်ကုန်ကြတယ်။

တစ်ခုစီ ဖြေရှင်းရင်းက နေပြီးတော့ တစ်ခုတင် မကတော့ဘူး ပြဿနာတစ်ခုထပ်တိုးသွားတယ်။
မမှန်ကန်တဲ့ နည်းတစ်နည်းပေါ့။ဒကာတစ်ယောက် လျှောက်သလိုပဲ။
သူက ဆေးလိပ်ပြတ်အောင်လို့ဆိုပြီး ကွမ်းစားတာ၊ကွမ်းရော၊ဆေးလိပ်ရော နှစ်ခုစလုံး စွဲသွားတယ်။
ကွမ်းလည်းမစားရ မနေနိုင်၊ ဆေးလိပ်လည်း မသောက်ရ မနေနိုင်။
ဪ . . . ကွမ်းကိုဆေးလိပ်နဲ့ သွားဖြတ်တယ်။ဆေးလိပ်ကို ကွမ်းနဲ့ဖြတ်တယ်၊ မရဘူး။

အဲဒါကြောင့်မိုလို့ “မှန်ကန်တဲ့နည်းလမ်း”ကို အသုံးပြုပြီးတော့ လူတွေရဲ့စိတ်ဖိစီးမှုကို ဖြေရှင်းရမယ်လို့ ။
အဲဒီနည်းဟာ ဘာလဲဆိုရင် ခုနပြောတဲ့ထဲမှာ အကျုံးဝင်တဲ့၊ သတိတရားကို အခြေခံတဲ့၊ သတိတရားကို အခြေခံပြီးကျင့်တဲ့နည်းစနစ်နဲ့ “စိတ်ဓာတ်ကျဆင်းမှု ၊ စိတ်ဖိစီးမှု”ကို လျော့ချနိုင်တယ်။
ဒါ “ဗုဒ္ဓမြတ်စွာရဲ့နည်း” ပဲ။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
CommentsVisit website


No comments:

Post a Comment