November 12, 2015

ငရဲပန်းနှင့်နတ်ပန်း

ငရဲပန်းသည်ပို၍လှသည်ဟုထင်ရ၏။ ဆွဲဆောင် အားကောင်း၏။ဒသကနိပါတ်မဟာဝိတ္တမိန္ဒက စတုဒွါရဇာတ်၌မိတ္တ၀ိန္ဒကသည် ငွေကျပ် တစ် ထောင်ရင်းနှီးရာငွေကျပ် တစ်သိန်းနှစ်သောင်း မြတ်၏။ ထို့နောက်သောတာပန်မိခင်က တားမြစ် သည့်ကြားမှပင် မိခင်သည် သူ၏ ကြီးပွားမှုကိုအ ဟန့်အတားပြုသည်ဟုဆိုပြီး မိခင်ကို မောင်းမဲ၍ သမုဒ္ဒရာပြင်၌ကုန်ကူးထွက်၏။ ကျွန်းတစ်ကျွန်း ၌ နတ်သမီးဝေမာနိကပြိတ္တာ လေးယောက်နှင့် တွေ့၏။ မိတ္တ၀ိန္ဒကသည် အလွန် ပျော်၏။ နောက် ကျွန်းတစ်ကျွန်း၌ နတ်သမီးရှစ်ယောက်နှင့် တွေ့ ပြန်၏။ မိတ္တ၀ိန္ဒကသည် ပို၍ပျော်၏။ နောက်ကျွန်း တစ်ကျွန်း၌မိတ္တ၀ိန္ဒကသည် နတ်သမီးတစ်ဆယ့် ခြောက်ယောက်နှင့်တွေ့ပြန်၏။ မိတ္တ၀ိန္ဒကသည် ပို၍ပို၍ ပျော်၏။ နောက်ကျွန်းတစ်ကျွန်း၌မိတ္တ၀ိန္ဒက သည် နတ်သမီးသုံးဆယ့်နှစ်ယောက်နှင့်တွေ့၏။ ထိုအခါ မိတ္တ၀ိန္ဒကသည် သူ၏ မျှော်မြင်မှုနှင့်အ ကောင်အထည်ဖော်မှုများမှန်ကန်သည်ဟု ယုံကြည် လေ၏။ အမှန်အားဖြင့် အစောက်ဆုံးသို့ ပြစ်ချလိုသောကြောင့် အမြင့်ဆုံးသို့ ရောက်အောင် ဖျားယောင်းသွေးဆောင် သွားသော အ၀ိဇ္ဇာ၏ နည်းပရိယာယ်ကို မိတ္တ၀ိန္ဒက မရိပ်မိ။ ထို့ကြောင့်သူ့ကိုယ်သူဟုတ်လှပြီဟုထင်နေခြင်း ဖြစ်၏။ ထိုနောက်မိတ္တ၀ိန္ဒကသည် သင်ပုန်းဓားစက်ကိုဦးခေါင်း ပေါ်၌ငရဲခံနေရသူသူတစ်ယောက်ကို တွေ့ရ၏။ သင် တုန်းဓားစက်ကြောင့် ဦးခေါင်းမှ သွေးများပန်းထွက်နေ သည်ကိုလဲ မြင်ရ၏။ သို့ရာတွင် မိတ္တ၀ိန္ဒကသည် သင် တုန်းဓားစက်ကို ငရဲပန်းအဖြစ်မမြင်၊ နတ်ပန်းအဖြစ်သာ မြင်၏။ ငရဲပန်းအဖြစ်မြင်ရသောအခါ၌ကားမိတ္တ၀ိန္ဒက သည်များစွာအချိန်နှောင်းခဲ့လေပြီ။ အမှန်အားဖြင့်မိတ္တ ၀ိန္ဒကသည် များစွာအချိန်နှောင်းခဲ့လေပြီ။ အမှန်အားဖြင့် မိတ္တ၀ိန္ဒကသည် သူကိုယ်တိုင်ဥဿဒငရဲသို့ရောက်ကာ နတ်ပန်းသို့ထင်ခဲ့သော သင်တုန်းဓားစက်သည် နတ်ပန်း မဟုတ် ငရဲပန်းဖြစ်ကြောင်းသိတော့၏။ ထို့ကြောင့် ကာမဂုဏ်များကို ၀သီတ မျက်စိဖြင့် မိမိ အတွက်ကြည့်ပါက ငရဲပန်းများအဖြစ်မမြင်ရဘဲ နတ်ပန်း များအဖြစ်သာ မြင်ရ၏။ ထိုကဲ့သို့မြင်ရအောင်လည်း ရာထူး၊ဂုဏ်သိမ်၊စည်းစိမ်ဥစ္စာများက စွမ်းဆောင်ကြ၏။ ညှို့အားဖြင့်ညှို့ကြ၏။ ၀ိဝသီတမျက်စိဖြင့်ကြည့်မှသာ နတ်ပန်းများမဟုတ်ဘဲ ငရဲပန်းများဖြစ်ကြောင်းတွေ့ရ၏။ သို့ရာတွင် ကာမဂုဏ် ဟူသည် ငရဲပန်းသဖွယ် အာဒီန၀အဖြစ်ထင်သည်ဖြစ်စေ။ နတ်ပန်းသဖွယ်အဿာဒအဖြစ်ထင်သည်ဖြစ်စေ၊သဘော အားဖြင့် သုညတော လောကံ အ၀ိက္ခေသု ဒေသနာ အရ သုညသာ ဖြစ်၏။ သုညဟူသည်မှာလည်းအရေအတွက်အားဖြင့် ဘာမျှ တန်ဖိုးမရှိသော်လည်းအရည်အချင်းအားဖြင့် အတိုင်းမသိ တန်ဖိုးရှိ၏။ သို့ဖြစ်၍သာ အပေါင်းကိန်းဂဏာန်းဟူသမျှတို့ သည် လည်းကောင်း၊အနုတ်ကိန်းဂဏာန်းဟူသမျှတို့သည် လည်းကောင်းသုညအပေါ်အခြေခံ၍ အပေါင်းနှင့်အနုတ် သဘောကိုရကြခြင်းဖြစ်၏။ အကယ်၍ သုညသာမရှိလျှင် အပေါင်းလည်းရျိမည်မဟုတ်၊အနုတ်လည်းရှိမည်မဟုတ်။ ကာမဂုဏ်ဟူသည်အရင်းအမြစ်အားဖြင့် သုညသဘောမျိုး ရှိသဖြင့် ရာဂအမြင်ဖြင့်ကြည့်ပါက နတ်ပန်းသဖွယ် အဿာဒ သဘောကိုဆောင်ပြီး၊၀ိပဿနာအမြင်ဖြင့် ကြည့်ပါကငရဲပန်း သဖွယ် အာဒီန၀ သဘောကိုဆောင်ခြင်းဖြစ်၏။ ၀ိရာဂ မဂ်ဉာဏ်အမြင်ဖြင့်ကြည့်ပါက ငရဲပန်းနှင့်နတ်ပန်းတို့ ၏အလွန် နိဗ္ဗာန်ကိုမြင်ရခြင်းဖြစ်၏။ ဤသို့လျှင် တစ်ခုတည်း သောအာရုံကအမျိုးမျိုးသော အမြင်များကိုဖြစ်ပေါ်စေနိုင်ပါ ၏။ ဤသည်ကိုပင် အမျိုးမျိုးနာနတ္ထမှ တစ်ခုတည်းဧကတ္ထ သို့၊တစ်ဖန် တစ်ခုတည်းဧကတ္ထမှနှစ်မျိုးလုံးကိုဘလွန်ခြင်း ဥဘယာတီတ (ဥဘယ+အတီတ) သို့ ပြောင်းလဲခြင်းဟုဆို ကြ၏။ ဤသည်မှာ ဓမ္မသဘာဝနှင့်ပတ်သတ်၍ ဒဿနပညာ ရှင်တို့၏ အဆိုဖြစ်သည်။

http://phyominzaw.blogspot.com/မှတဆင့်တင်ပြသည်

No comments:

Post a Comment