November 11, 2015

သေခြင်းတရားကို မကြောက်သူ။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
        ဗုဒ္ဓဘာသာဝင် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊ 
သမ ထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို  
အရ ယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အ
တွက်ဖြစ်ပါတယ်။ ၃၁ ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ပြုလုပ်နိုင်ပါ

တယ်။  ဒါကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမယ်။
         ဗုဒ္ဓလက်ထက်တော်က ဓမ္မိက အမည်ရှိ ဥပါသကာ တစ်ယောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကုသိုလ်အားလုံး အရယူဖို့ ဆိုသည်ကို သိထားတဲ့ ဓမ္မိက
ဥပါသကာကြီးက စီးပွားရေးကို အားတက်သရော ရှာဖွေပြီး လောကအတွက်၊ သာသနာအတွက်
စွန့်လွှတ်လှူဒါန်းပါတယ်။ များများကြိုးစားရှာပြီး များများလည်း လှူဒါန်းပါတယ်။ 
         သူသေမည့်အချိန်ကို ကြိုတင်သိထားတဲ့အတွက် သံဃာတော်များကိုပင့်ပြီး ဇရာဒဏ်ကြောင့်
အိပ်ရာထဲမှာပင် တရားနာပါတယ်။ ခုလို  တရားနာနေချိန်တွင်ပင် နတ်ပြည်မှ နတ်ရထား ၆  စင်း
ရောက်လာပြီး သူ့ရထားပေါ်တက်ပါ၊ ငါ့ရထားပေါ်တက်ပါနှင့် အလုအယက် ဆူညံစွာ အော်ဟစ်ခေါ်
ယူနေကြပါတယ်။ ဓမ္မိကဥပါသကာကြီးက သေရမယ်ကိုလည်း သိပါတယ်၊ နတ်ပြည်ကို ရောက်
မယ်ကိုလည်း သိပါတယ်။ ဒါပေမယ့် သံဃာတော်များဟောကြားနေတဲ့ တရားကို ဆုံးအောင် နာယူ
သွားချင်ပါတယ်။
         ဒါကြောင့် နတ်ရထားများကို “ ခဏ ဆိုင်းပါဦး ” လို့ လှမ်းပြောလိုက်ပါတယ်။ ရဟန်းတော်
များက သူတို့ကိုတားမြစ်တယ်လို့ ထင်တဲ့အတွက် တရားဟောနေရာမှ ရပ်လိုက်ကြပါတယ်။ အဲဒီအ
ချိန်မှာ အနားမှာ စောင့်ကြည့်နေတဲ့ သားသမီးများက “  ငါတို့ ဘခင်ကား ကုသိုလ်ကောင်းမှုတွေ
အများကြီး ပြုလုပ်ပါလျက် သေခြင်းတရားကို ကြောက်ရွံ့ပြီး ထင်မိထင်ရာ ပြုပါရော့လား ”  လို့
တွေးထင် ငိုကြွေးကြပါတယ်။
         အဲဒီအချိန်မှာ ဥပါသကာကြီးက ငိုကြွေးခြင်းအကြောင်း.. သားသမီးတို့ကို မေးမြန်းပါတယ်။
သားသမီးတွေက ငိုကြွေးရခြင်းအကြောင်း ပြောပြလို့ သိရတဲ့အခါ “  ငါဟာ သေခြင်းတရားကို မ
ကြောက်၊ နတ်ရထားကိုသာ တရားနာ မပြီးမီ မခေါ်ကြသေးရန် တားမြစ်ခြင်း ဖြစ်ပါတယ်၊ ရဟန်း
တော်များကို  တရားဆက်မဟောရန် တားမြစ်တာ မဟုတ်၊ ” လို့ ရှင်းပြပါတယ်။ 
         ဒါပေမယ့် နတ်ရထားများကို သားသမီးတွေက မမြင်ရတဲ့အတွက် မယုံနိုင်ဖြစ်နေကြပါတယ်၊
အဲဒီအချိန်မှာ ဥပသကာကြီးက ပန်းကုံးများ ပြုလုပ်ခိုင်းပြီး နတ်ပြည်ခြောက်ထပ်တွင် မွေ့လျော်ရာ
အကောင်းဆုံး နတ်ပြည်က ရထားမှာ ဒီပန်းကုံးကို ချိတ်မိရန် အဓိဌာန်ပြီး “ ကောင်းကင်ကို   ပစ်
မြှောက်လိုက်ပါ ” လို့  စေခိုင်း လိုက်ပါတယ်။ 
         အဓိဌာန်ပြီး ကောင်းကင်သို့ မြှောက်တင်လိုက်ရာ နတ်ရထားကို ချိတ်မိပြီး တွဲလဲဖြစ်နေပါ
တယ်။ ဒီတော့မှ သားသမီးများက ဘခင်ရဲ့စကားကို ယုံကြည်သွားကြပါတယ်။ ဥပါသကာကြီးက
လည်း သားသမီးတွေကို သြ၀ါဒပေးပြီး တစ်ဘ၀ချုပ်ဆုံးသွားပါတယ်။ ကောင်းကင်တွင် လှမ်းမြင်
နေရတဲ့ ပန်းကုံးမှာလည်း အထက်သို့ တဖြည်းဖြည်းတက်သွားကာ နောက်ဆုံး မမြင်ရတော့ပါ။
         တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း တရားသဘောကို နားလည်  သဘောပေါက်ကြပြီး
“ ငါသည် သေခြင်းတရားကို မကြောက် ”  ဟု ကြွေးကြော်နိုင်ရန် ပစ္စည်းဥစ္စာများကို   များများရ
အောင် ရှာသလို၊  များများကြီး  လှူဒါန်းခြင်းအားဖြင့် ကောင်းသထက်ကောင်း  မြင့်မြတ်သထက် 
မြင့်မြတ်ကာ ချမ်းသာသုခ အစုံကို  ခံစားစံစားပြီး နိဗ္ဗာန်ချမ်းသာထိအောင်  ရရောက်နိုင်ကြပါစေ   
ကုန်သတည်း။
 { မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့် စီးပွားရှာခြင်းကို ကိုးကား ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

No comments:

Post a Comment