September 5, 2015

သစ္စာလေးပါးတရားသဘော။


         ၁။ ပိုင်းခြားသိရမယ့်တရား။   ။ မိမိသန္တာန်မှာ အမှန်အရှိက ခန္ဓာငါးပါး ရုပ်နာမ်
ဖြစ်ပျက်တရား သာရှိ၍၊ အို နာ သေရေး ဒုက္ခဘေးတို့မှ မလွတ်ကင်းကြောင့် ဒုက္ခသစ္စာ
သာတည်းဟု မှတ်ထားပါ။

         ၂။ ပယ်ရမယ့်တရား။    ။ ထိုဒုက္ခသစ္စာဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို
ဒုက္ခဟုမသိ၍ မိမိ လိုချင်တပ်မက်မှု= တဏှာ၊ စွဲလမ်းမှု= ဥပါဒါန်၊ ရချင်လို့လုပ်တဲ့
ကံတို့ကြောင့် ဖြစ်၏။ ထိုအကြောင်းတရားတို့ကို သမုဒယသစ္စာ သာတည်းဟု
မှတ်ထားပါ။
         ၃။ မျက်မှောက်ပြုရမယ့်တရား။    ။ လိုချင်မှု တဏှာသမုဒယကို မဂ်ဉာဏ်ဖြင့်
ပယ်က၊ မိမိခန္ဓာဇာတိချုပ်သော ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသော တရားကို နိရောဓသစ္စာ
နိဗ္ဗာန်ဟု မှတ်ထားပါ။
         ၄။ ပွားရမယ့်တရား။    ။ ထိုသမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြားသိလျက် နိရောဓ
သစ္စာကို မျက်မှောက်ပြုရန်၊ အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အားထုတ်မှု၊ အမှန်မြင်သိမှုကို
မဂ္ဂသစ္စာ ဟု မှတ်ထားပါ။ ဒီလို သစ္စာလေးပါးတရားကို ထိုးထွင်းပြီးသိမှ နိဗ္ဗာန်ကို ရနိုင်
တယ်လို့ ဆိုလိုပါတယ်။ ။
( ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏ တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်းမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ )
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
   
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment