September 17, 2015

သေခြင်းတရားဆိုတာ ဘ၀၏လိုအပ်ချက်။


သဘာဝဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ် လှမ်းမျှော်ကြည့်လိုက်ရင် အဟောင်း
အဟောင်းတွေကြွေကျမှ အသစ်အသစ်တို့ ဖူးပွင့်ဝေရတာဟာ လောကကြီးအတွက် အသွင်ဆန်း
ပြီး အမြင်လန်းစေပါတယ်။ အဟောင်းအဟောင်းတို့ မကြွေကျရင် အသစ်အသစ်တို့ ဖူးခွင့် ပွင့်
ခွင့် ဝေခွင့်မရတော့ဘဲ လောကကြီးကို အကျည်းတန်စေ၊ အရုပ်ဆိုးစေတာကတော့ အမှန်ပါ။

သာယာလှပ တင့်တယ်စေဖို့ နောက်ရောက်လာမယ့် အရာဝတ္ထုအား နေရာပေးဖို့ အဟောင်း
အဟောင်းတို့ ကြွေကျရတာဟာ နိယာမပါ။ သေခြင်းတရားကိုလည်း ဒီနိယာမအတိုင်း စဉ်းစား
ရပါမယ်။
         သေဆုံးခြင်း ပျက်စီးခြင်းမရှိဘဲ လူအပါအ၀င် သတ္တ၀ါအားလုံး အသက်ရှင်လျက် ထာဝ
ရ တည်တန့်နေမည်ဆိုပါလျှင် ဤကမ္ဘာလောကကြီးတစ်ခုလုံး လူအပါအ၀င် သတ္တ၀ါအားလုံး
တို့နှင့် ပြည့်သိပ်နေပါလိမ့်မယ်။ ထိုအခါ နေထိုင်စရာမြေ၊ သောက်စရာရေ၊ စားစရာ အစာအဟာ
ရ စသည်ဖြင့် စားမှုသောက်မှု နေထိုင်မှုတို့ အစစအရာရာ အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ပြီး
ဤကမ္ဘာကြီး အကျည်းတန် အရုပ်ဆိုးစေမှာကတော့ အမှန်ပါ။ တယ်တော့ သေခြင်းတရားဆိုတာ
အသစ်အသစ်တွေ ဖူးဖွင့်ဝေဖို့ အဟောင်းအဟောင်းတွေ ကြွေကျပေးရသလို နောက်ရောက်လာ
မယ့် မျိုးဆက်သစ် သတ္တ၀ါတို့အား နေရာပေးဖို့ လောကကြီးလှပစေဖို့ သေခြင်းတရားဆိုတာ
ဘ၀၏လိုအပ်ချက်ဖြစ်ပါတယ်။
{ အသောကသီတဂူကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်ဏ္ဍိတ(ဒီဃနိကာယ
ကောဝိဒ) ရေးသားပြုစုသော “သေရမှာ ကြောက်စရာလား” မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment