September 5, 2015

ချစ်စိတ်၊ မုန်းစိတ်၏ ထွက်ပေါက်။


        လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့   စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။

         ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင် “သဗ္ဗေသတ္တာ ကမ္မဿကာ” - သတ္တ၀ါဆိုတာ သူ့
ကံနဲ့သူလာတာ လို့ ပွားရပါတယ်။ ချစ်ခြင်းကိုလည်း ရှောင်မယ်, မုန်းခြင်းကိုလည်း ရှောင်မယ်၊ ချစ်
ခြင်း မုန်းခြင်း ထိုနှစ်မျိုးလုံးမပါဘဲနဲ့ တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကို ဥပေက္ခာလို့ ခေါ်ပါတယ်။
         ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာ ကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို “ဥပေက္ခာ
ပြုတယ်” လို့ ပြောနေကြပါတယ်။ အဲဒီလို အဓိပ္ပါယ် မဟုတ်ပါ။ ဥပေက္ခာက အလွန်မွန်မြတ်ပါတယ်၊
ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့ သဘောထားပါ။ ဒါကြောင့်မို့
equanimity လို့ အင်္ဂလိပ်လို ပြန်တယ်။ equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။ အဲဒီတည်ငြိမ်မှု
ဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ ဒေါသတို့ရဲ့ ထွက်ပေါက်ပါ။ ဒါကြောင့်မို့ မြတ်စွာ
ဘုရားက “ဥပေက္ခာ” ဆိုတဲ့ “စေတောဝိမုတ္တိ” ဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။
         ဒါကြောင့်မို့  “ဥပေက္ခာ” ဆိုတာကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့
ချစ်စိတ်၏ မုန်းစိတ်၏ ထွက်ပေါက်တစ်ခုကို ရရှိနိုင်ပါမယ်။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
    လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
       တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment