August 8, 2015

မထင်မှတ်သည့် အကုသိုလ်။


     ရှေးတုန်းက ဇတ်သဘင်ဖြေဖျော်မှု၊ ရုပ်ရှင်ကြည့်မှုတို့ဆိုလျှင် မိမိတို့ကိုယ်တိုင် ဇတ်ရုံ၊
ရုပ်ရှင်ရုံတွေကို သွားကြည့်မှ ဖြစ်ပါတယ်။ အကြောင်းတခုခုကြောင့် မသွားဖြစ်လျှင် မကြည့်ဖြစ်
ပါ။ ယခုအခါ နည်းပညာတွေ ထွန်းကားလာသည့်အတွက် ကိလေသာတွေဟာ အလုံးအရင်းနဲ့
(တီဗွီ၊ ဗွီဒီယို) အိမ်ထဲဝင်လာတာတွေ့ရပါတယ်။

         ဇတ်၊ ရုပ်ရှင်၊ စတိတ်ရှိုး၊ မော်ဒန်ရှိုးတို့ ကြည့်ခြင်းဖြင့် မထင်မှတ်သည့် အကုသိုလ်ဖြစ်
နေပါတယ်။ ရှစ်ပါးသီလတွင် နစ္စ၊ ဂိတ၊ ၀ါဒိတ၊ ၀ိသုက... သိက္ခာပုဒ်ကို ထည့်သွင်းထားသည်ကို
တွေ့ရပါမည်။ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်း စသည်တို့ကို ထည့်
သွင်းခြင်းသည် အကြောင်းမဲ့ မဟုတ်ပါ။ ကိလေသာထကြွစေရန်အတွက် အားပေးခြင်းအမှုကို
ဖြစ်စေသဖြင့် တားမြစ်ထားသည်ကို တွေ့ရပါသည်။
        လယ်တီဆရာတော်ဘုရားကြီးကလဲ..ဇတ်မင်းသားကြီးဦးဖိုးစိန် လာရောက်ကန်တော့သည့်
အခါ ဦးဖိုးစိန်အား “ သြော်.. လက်စသပ်တော့ မြန်မာပြည်ကို လိုက်ပြီး မီးရှို့နေတာ မင်းကိုး”
ဟု မိန့်ကြားခဲ့ဘူးပါသည်။ တဖန် အကုသိုလ်အပြစ်များအကြောင်း ပြောဆိုရာတွင်လည်း
“ မုဆိုးတစ်သက် = လယ်တစ်ကွက် = သဘင်သည်တစ်ရက် ” ဟု နှိုင်းယှဉ်ဖေါ်ပြထားပါသည်။
“မုဆိုးတစ်သက်လုံးလုပ်ပြီး သတ္တ၀ါတွေကို ရှာဖွေသတ်ဖြတ်တဲ့အပြစ်ရယ် = လယ်တစ်ကွက်
မီးရှိုးခြင်းဖြင့် သတ္တ၀ါကလေးများ သေကြေပျက်စီးစေတဲ့ အပြစ်ရယ် = ဇတ်သဘင် တစ်ည
ကပြတဲ့အတွက် ကြည့်ရှုအားပေးတဲ့သူတွေမှာဖြစ်တဲ့ အပြစ်တွေရယ် အားလုံးတူသလောက်
ပဲ”တဲ့ ဆိုပါတယ်။ ဆရာတော်ကြီးရဲ့ မိန့်မှာစကားအရဆိုလျှင် အိမ်မှာ အမောပြေ၊ အပန်းပြေ
တီဗွီ၊ ဗွီဒီယို ကြည့်ခြင်းဖြင့် မထင်မှတ်တဲ့အကုသိုလ် အလွယ်တကူ ပြုလုပ်နေသော အလေ့
အကျင့်များ ရှိနေကြပါသည်။ ဓမ္မမိတ်ဆွေတို့ သိနေရင် ဆင်ခြင်ခြင်းဖြင့် ကုသိုလ်မှုပြုနိုင်
ကြပါစေ။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ နေနည်း၊ သေနည်းနှင့် ၀ိပဿနာ မှ  ကူးယူ၍
      ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment