August 28, 2015

သင်္ကန်းလှူဒါန်းခြင်း။


        သင်္ကန်းဝယ်ချိန်မရ၍ သင်္ကန်းဖိုးငွေကို ရဟန်းတော်အားပေးပြီး “သင်္ကန်းဖိုး
အလှူခံတော်မူပါ” ဟူ၍ မလှူအပ်ပါ။
         သင်္ကန်းလှူလို၍ ရဟန်းတော်တွင်ရှိသော သင်္ကန်းကို မူရင်းဈေးဖြင့် ဖြစ်စေ၊
ဝန်ဆောင်ခပေါင်းပြီး မူရင်းဈေးထက် ပိုပေး၍ဖြစ်စေ၊ လျော့ဈေးဖြင့်ဖြစ်စေ ပြန်ဝယ်ပြီး

မလှူအပ်ပါ၊ သင်္ကန်းဖိုး ငွေပေးလိုပါက ကပ္ပိယကာရကကို အလှူငွေပေးအပ်ပြီး သင်္ကန်း
ကို ၀ယ်လှူရန် မှာကြားနိုင်ပါသည်။
မိမိတို့ ဒကာ/ဒကာမတို့၏ နားမလည်မှားယွင်းမှုကြောင့် ရဟန်းသံဃာများ အာပတ် (အပြစ်)
မသင့်စေရန် မိမိတို့ကိုယ်တိုင် သိထားသင့်ပါသည်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment