August 18, 2015

ဗုဒ္ဓဘာသာ၏ အနှစ်သာရ။


          ကျွန်တော့အဖေ၏ မိဘနှစ်ပါး(ကျွန်တော့ အဘိုး၊ အဖွား)သည် ဗုဒ္ဓဘာသာဝင်များ
ဖြစ်ပါသည်။ ထို့အတူ ကျွန်တော့အမေ၏ မိဘနှစ်ပါး(ကျွန်တော့ အဘိုး၊ အဖွား)သည် ဗုဒ္ဓဘာ
သာဝင်များ ဖြစ်ပါသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။
ထို့ကြောင့် မိဘမျိုးရိုး ဗုဒ္ဓဘာသာမိဘ အစဉ်အဆက်မှ ဆင်းသက်ပြီး ကျွန်တော်သည် ဗုဒ္ဓဘာ

သာဝင် ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် တော်တော်များများသည် ကျွန်တော်ကဲ့သို့ပင် ဗုဒ္ဓဘာသာ
မိဘ အစဉ်အဆက်မှ ဆင်းသက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ကြမည်ဟု တွေးတောထင်မြင်ယူဆမိ
ပါသည်။
         ကျွန်တော်သည် ကျောင်းနေအရွယ်သို့ မရောက်မီကပင် အဘိုး၊ အဖွားတို့နဲ့ ဘုရား၊
ကျောင်းတက်လိုက်လေ့ရှိပါသည်။ ဆရာတော်က သီလပေးတော့လည်း လိုက်ဆိုမိပါသည်။ ညနေ
အိမ်ပြန်ရောက်တော့လည်း ကိုယ့်ကိုယ်ကို သီလရှိတဲ့သူဆိုပြီး ဂုဏ်ယူမိပါသည်။
         သို့သော် တွေးခေါ်စဉ်းစားတတ်လာသောအခါ.. ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်သည်
မိဘမျိုးရိုး ဗုဒ္ဓဘာသာမိဘ အစဉ်အဆက်မှ ဆင်းသက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာရခြင်းထက်
ဗုဒ္ဓဘာသာ၏ အနှစ်သာရ သဘောတရားကို ကျေကျေညှက်ညှက် နားလည်၍ ယုံကြည်သက်ဝင်
ကိုးကွယ်ခြင်းက ပို၍ကောင်းမွန်ပြည့်စုံသည်ဟု ယူဆကာ ဆရာတော်ကြီးများ ရေးသားပြုစုထား
သော ဘာသာရေးနှင့် ပတ်သက်သည့် စာအုပ်များကို အတတ်နိုင်ဆုံး ဖတ်ရှုလေ့လာမှတ်သား
ခဲ့ပါသည်။ စွမ်းနိုင်သလောက် ခြေခြေမြစ်မြစ် နားလည်အောင်ကြိုးစားခဲ့ပါသည်။ ဒါမှသာ ဘယ်
ဆရာတော်ကြီး၊ ဘယ်ပုဂ္ဂိုလ်ကြီး ရေးသားညွှန်ပြထားတယ်ဆိုပြီး ဆရာတော်ကြီးစွဲ၊ ပုဂ္ဂိုလ်ကြီး
စွဲ မရှိဘဲ အမှားအမှန်၊ အပိုအလို၊ အကာပိုင်း၊ အနှစ်ပိုင်းကို ကိုယ်တိုင်စဉ်းစား ခွဲခြားနိုင်ပါလိမ့်
မည်။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိလာပြီး အကုသိုလ်လုပ်ရမှာ ကြောက်တတ်လာပါသည်။
ကုသိုလ်ရေးကို ရှာဖွေလုပ်တတ်လာပါသည်။ ဗုဒ္ဓဘာသာသည် သဘောတရား၌  အလေးအနက်
တည်ဆောက်ထားသော  ဘာသာဖြစ်ကြောင်း နားလည်သဘောပေါက်လာပါသည်။
         မိမိတို့သည် ကိုးကွယ်ရာ ဘာသာတရားအကြောင်းကို ဂဃနဏ မလေ့လာသောကြောင့်
"ကိုးကွယ်ရာမှား" နေခြင်းပင်ဖြစ်ပါသည်။ ဗုဒ္မဘာသာဝင်တို့ သည် "ဗုဒ္မေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ၊"  ဘုရား၊ တရား၊ သံဃာ တည်း
ဟူသော ရတနာသုံးပါးမှတစ်ပါး အခြား ကိုးကွယ်ရာမရှိပါဟုလည်း နှလုံးသွင်း ခံယူထားကြပါသည်။
         သို့သော် ဗုဒ္မဘာသာဝင်တို့ သည် ဘာသာရေးကို အတွင်းကျကျ လေ့လာပြီး အနှစ်သာရရှိရှိ
လုပ်သူတွေ ရှိသလို မိရိုးဖလာ ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်တစ်ခု အနေဖြင့် ရှင်ပြု၊ ရဟန်းခံက
အစ ဘုရားပွဲအထိ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ယိုးလုပ်သူတွေလည်း အများအပြားရှိကြပါသည်။
         ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ မိမိဘာသာတရားကို အမြတ်တနိုးတန်ဖိုးထားကြမယ်ဆိုလျှင်
အိမ်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ရုပ်ပွားတော်ကို နေ့စဉ်မပျက်ဆွမ်း၊ သောက်တော်ရေ၊ ပန်း၊ ဆီမီး
ဆက်ကပ်လှူဒါန်းပြီး ဆုတောင်း အမျှဝေရုံနဲ့ ရောင့်ရဲတင့်တိမ် မနေဘဲ၊ ဘာသာရေးကို အတွင်းကျ
ကျ လေ့လာပြီး ကိုးကွယ်ယုံကြည်သူတစ်ယောက် ဖြစ်ဖို့လိုပါသည်။
         ဘာသာရေးကို အတွင်းကျကျ လေ့လာပြီး ကိုးကွယ်ယုံကြည်သူတစ်ယောက် ဖြစ်လာ
မှသာလျှင် အမှားအမှန်၊ အပိုအလို၊ အကာပိုင်း၊ အနှစ်ပိုင်းကို ကိုယ်တိုင်စဉ်းစား ခွဲခြားနိုင်ပါလိမ့်
မည်။ အပိုအလုပ်၊ အကာအလုပ်၊ အနှစ်သာရမရှိတဲ့ အလုပ်တွေနဲ့ အချိန်မဖြုန်းဘဲ ရခဲလှတဲ့
လူ့ဘ၀ကို တန်ဖိုးရှိရှိ၊ အကျိုးရှိရှိ အသုံးချနိုင်ပါမည်ဖြစ်ကြောင်း ကိုယ်စီကိုယ်စီ သဘောကျ
ပြီးတော့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့သစ်မှာ ဓမ္မမိတ်ဆွေအားလုံး စိတ်ချမ်းသာစွာဖြင့်
တရားဓမ္မများကို ရှာဖွေ၊ ဆွေးနွေး၊ လေ့လာ နိုင်ကြပါစေ၊ ကျင့်ကြံကြိုးကုတ် အားထုတ်တော်
မူနိုင်ကြပါစေ ။ ။
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ရိုသေစွာ ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

(ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment