August 21, 2015

တစ်ကိုယ်ထဲလည်း ပျော်မှဖြစ်မယ်


♦ ရယ်ပါ။ တစ်လောကလုံးသင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။

♦ ၀မ်းနည်းနေတဲ့ ကမ္ဘာလောကကြီးက သင့်ဆီကရယ်စရာလေးတွေကိုငှားရမယ်။
ဒါပေမဲ့သူ့မှာလည်း သူ့ဒုက္ခနဲ့သူဘဲ။

♦ သီချင်းဆိုပါ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။
သက်ပြင်းချရင်တော့ လေထဲမှာပျောက်သွားလိမ့်မယ်။

♦ ပျော်စရာအသံကို ပဲ့တင်သံကပြန်ကန် ပေးပါတယ်။
သောကတွေ ဒုက္ခတွေကိုတော့ သူပြန်ကန်မပေးဘူး တွန့်ဆုတ်သွားတယ်။

♦ ပျော်ပျော်ရွှင်ရွှင်နေပါ လူတွေကသင့်ကို တွေ့အောင်လိုက်ရှာလိမ့်မယ်။
ဝမ်းနည်း နေရင်တော့သူတို့လည့်ပြီးထွက်သွားလိမ့်မယ်။

♦ သူတို့ကသင့်ရဲ့ပျော်ရွှင်မှုအားလုံးကို အပြည့်အ၀ လိုချင်တယ်။
ဒါပေမဲ့ သင်ရဲ့ဒုက္ခတွေကိုတော့ သူတို့ မလိုအပ်ဘူး။

♦ စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာမိတ်ဆွေတွေအများကြီးဘဲ။
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အကုန်လုံးကို ဆုံးရှုံးသွားလိမ့်မယ်။

♦ ပန်းဝတ်ရည်နဲ့ လုပ်ထားတဲ့ ၀ိုင်ကိုသင်ကပေးရင် ငြင်းမဲ့သူမရှိဘူး။
ဒါပေမဲ့ ဘ၀ရဲ့သည်းခြေရည်ကိုတော့ သင်တစ်ယောက်ထဲဘဲ သောက်ရလိမ့်မယ်။

♦ စားပွဲသောက်ပွဲကြီးလုပ် သင့်အခန်းမှာလူတွေပြည့် ကြပ်နေလိမ့်မယ်။
ငတ်နေရင်တော့ ဘယ်သူကမှလာမှာ မဟုတ်ဘူး။

♦ အောင်မြင်အောင်လုပ်ပါ။ ပေးပါ၊ကမ်းပါ။ အဲဒါက သင့်ဘ၀ကိုအဆင်ပြေဖို့ အထောက်အပံ့ဖြစ်လိမ့်မယ်။
ဒါပေမဲ့သေဖို့အရေးကိုတော့ ဘယ်သူကမှ သင့်ကိုအကူအညီမပေးနိုင်ဘူး။

♦ ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခမ်းးတနား သွားနိုင်ဖို့အတွက် နေရာအကျယ်ကြီးရှိပါတယ်။
ဒါပေမဲ့ဒုက္ခလမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်း တန်းစီပြီး တော့သွားရလိမ့်မယ်။
လက်တွဲသွားမဲ့သူမရှိဘူး။ အဖော်မရှိဘူး။

- (ဆရာတော် ဦးဇောတိက)

No comments:

Post a Comment