August 15, 2015

မိမိသာလျှင် ကယ်တင်ရှင်။


        သင်၏ဆိုးသွမ်းမှုကြောင့် အောက်တန်းသို့နိမ့်ကျခြင်း၊ မကျွတ်မလွတ်ခြင်းတို့ကို သင်မှ
လွှဲ၍ မည်သူမှမကယ်နိုင်ပါ။ အကယ်၍ ဘုရားရှင်ကသာ ကယ်တင်နိုင်စွမ်းရှိလျှင် ယောက္ခမ
တော်သူ သုပ္ပဗုဒ္ဓမင်းနှင့် ယောက်ဖတော်ဒေ၀ဒတ်ရဟန်းတို့ကို မြေမျိုခြင်း၊ အ၀ီစိလားခြင်း
အလျဉ်းမရှိစေနိုင်ပါ။

         သင်၏ကောင်းမွန်မှုကြောင့် အထက်တန်းသို့ တက်လှမ်းခွင့်ရခြင်း အကျွတ်အလွတ်သို့
ရောက်ခြင်းသည်လည်း သင်သာလျှင် တတ်နိုင်စွမ်းပါ၏။ အကယ်၍ ဘုရားရှင်ကသာ ချီး
မြှောက်မြင့်တင်နိုင်စွမ်းရှိလျှင် ယသော်ဓရာ၊ ရာဟုလာတို့သည်လည်း သဗ္ဗညုတဉာဏ်ရှင်တို့
ချည်း ဖြစ်လောက်ရာ၏။
         လူ့ဘ၀တွင် နေရေးထက် သေရေးက ပိုအရေးကြီးပါသည်။ သေဘေးအဆင်ပြေစေရန်
အတွက်လည်း နေရေးက အထောက်အပံ့ဖြစ်ပြန်သည်။ သို့ဖြစ်ပါ၍ သေရေးအရေးကြီးသလို
နေရေးကလည်း အရေးကြီးပြန်ပါသည်။ ဘ၀တလျှောက်လုံး အ၀ိဇ္ဖာတဏှာ ဦးစီးပြီးနေလာခဲ့
ပြီးပြီ။ အ၀ိဇ္ဖာတဏှာကြောင့် အကုသိုလ်မျိုးစုံခဲ့ပါပြီ။ ပြီးပြီးသားကိစ္စ ပြင်လို့မရတော့ပါ။ တရား
တွေ သိလာရင်တော့ သံဝေဂယူပြီး နေရေးအတွက် ကောင်းတဲ့ဘက်သို့ဦးတည် သံသရာကို
လျှောက်လှမ်းဖို့ ပြင်ဆင်ရပါမယ်။ သို့မှသာ ဒီဘ၀မှတဆင့် သံသရာအတွက် စိတ်ချရပါမယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ နေနည်း၊ သေနည်းနှင့် ၀ိပဿနာမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment