* ကိုယ့်လက်ထဲကပစ္စည်း
သူတစ်ပါးလက်ထဲ
ထည့်ပေးလိုက်တာကို
“ပေးကမ်း” တယ်လို့ ခေါ်ပါတယ်။
တစ်ဖက်သား
ကောင်းကျိုးရစေချင်တဲ့
စေတနာသက်သက်နဲ့
ပေးကမ်းတာမျိုးရှိသလို
ကိုယ့်အကျိုးအတွက်
အခွင့်အရေး တုံ့ပြန်မှုကို
မျှော်လင့်ပြီး
ပေးကမ်းတာမျိုးလည်း ရှိပါတယ်။
* စေတနာသန့်သန့်နဲ့
ပေးကမ်းတာကို
“ဒါနကုသိုလ်” လို့ခေါ်ပြီး
ကိုယ့်ကျိုးမျှော်လင့်ချက်နဲ့
ပေးကမ်းတာကိုတော့
“လာဘ်ထိုးတယ်” လို့ ခေါ်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment