February 10, 2015

ဘုရားအနေကဇာတင်ခြင်း



        ဆင်းတုတော်၊ ရုပ်ပွားတော်များကို ဆရာတော်များပင့်၍ အနေကဇာတင်ပြီးမှ
ဘုရားဖြစ်ပြီး ကိုးကွယ်ရမည်ဟု ဗုဒ္ဓဘာသာအများစုက ယူဆနေကြပါသည်။ မိမိမတတ်
နိုင်လျှင် ဘုရားအနေကဇာတင်သည့်အိမ်၌ မိမိအိမ်မှဘုရားအား ပင့်ဆောင်ပြီး ရောနှော
အနေကဇာတင်ကြတတ်ပါသည်။ 

         ဘုရားရုပ်ပွားတော် ကိုးကွယ်ရာ၌ ရုပ်ပွားပုံတော် ရုပ်ပုံပီပီသသဘုရားပုံပေါ်လျှင်
ကိုးကွယ်ထိုက်နေပါပြီ။ အနေကဇာတင်ခြင်းသည် အမွန်းတင်ခြင်းသာဖြစ်ပါသည်။ မြတ်
စွာဘုရားဖြစ်တော်မူ ကျူးရင့်တော်မူသော ဥဒါန်းစကား၏အစ (အနေကဇာတိသံသာရ)
ဂါထာကို သံဃာတော်များက ကျူးရင့်ရွတ်ဆို၍ အမွန်းတင်ပေးခြင်းကို အနေကဇာတင်
ခြင်းဟု ခေါ်ပါသည်။ * အနေကဇာတင်မှ ဘုရားဖြစ်သည်ဟု မမှတ်ရပါ။ မည်သည့်နည်း
ဖြင့်ဖြစ်စေ ဘုရားစင်ပေါ်သို့ ဘုရားကြွရောက်ရှိလာလျှင် ကိုးကွယ်လို့ ရပါပြီ။ * မှားယွင်း
သော အစွဲများကို ဖျောက်စေချင်ပါသည်။ သီးခြားကုသိုလ်လိုချင်လျှင် အနေကဇာတင်
နိုင်ပါသည်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment