February 24, 2015

ဗုဒ္ဓနုဿတိဘာဝနာအကျိုး...။


 ဗုဒ္ဓနုဿတိဘာဝနာကို အားထုတ်သောပုဂ္ဂိုလ်တိုင်း၏ အကျိုးရပုံမှာ(ဈန်ရမှုမှတပါး)အခြားဘာဝနာများထက်အနည်းငယ်မျှမလျော့
ပါ ထူးခြားချက်ကား...
၁။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုအတော်များစွာ သိရသောကြောင့် ဗုဒ္ဓမြတ်စွာကိုအလွန်ရိုသေ၍ ဗုဒ္ဓမြတ်စွာ၏စကားတော်ကို
အလွန်လိုက်နာခြင်း...။

၂။ ဂုဏ်တော်များစွာကိုသိရသည့်အတွက် ဗုဒ္ဓမြတ်စွာအပေါ်၌ သောတာပန်ကဲ့သို့ဥာဏ်ဖြင့်သက်ဝင်၍ နက်နက်နဲနဲကြည်ညိုခြင်း
(ဗုဒ္ဓအစစ်ကိုကြည်ညိုလျှင် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို ပြုစုလိုသောစိတ် အားပေးလိုသောစိတ်ရှိရကာ သာသနာဖျက်
ပုဂ္ဂိုလ်များကိုမူ ရှောင်ရှားမည်သာ)
၃။ ဗုဒ္ဓမြတ်စွာကိုမကြာမကြာသတိရနေသောကြောင့် သတိကောင်းခြင်း(အသက်ကြီးသော်လည်းသတ်မမေ့ခြင်း)
၎။ အလွန်နက်နဲသောဗုဒ္ဓဂုဏ်တော်များကိုသတိနှင့်တကွဥာဏ်ကျက်စားနေရသည့်အတွက်အသိဥာဏ်သည်လည်းတိုးတက်
လာခြင်း...။
၅။ ဗုဒ္ဓမြတ်စွာ၏ဂုဏ်တော်တို့သည်အာရုံပြုသောသတိနှင့် စေတနာမျိုးစေ့တို့၏စိုက်ပျိုးရာ မွန်မြတ်သောလယ်ယာမြေဖြစ်သော
ကြောင့်ထိုဘာဝနာကုသိုလ်ကောင်းမှု၏ ကြီးကျယ်မြင့်မြတ်ခြင်း...။
၆။ ဂုဏ်တော်တို့ကိုအာရုံပြုရာအခါတိုင်း၌ ၀မ်းမြောက်သောပီတိပါမောဇ္ဇဖြစ်ခြင်း။(စိတ်၏ချမ်းသာကြည်လင်ခြင်း စိတ်အေးမြခြင်း
တစ်ရံတစ်ခါကြက်သီးထလောက်အောင်ပီတိဖြစ်ခြင်း)
၇။ ကြောက်စရာဘေးအန္တရာယ်နှင့်ကြုံစေကာမူ ထိုဘေးဒုက္ခတို့ကိုမကြောက်မရွံ့ရဲဝံစွာခံနိင်ခြင်း...။
၈။ ဗုဒ္ဓမြတ်စွာကိုမကြာမကြာအောင်းမေ့တိုင်း ဗုဒ္ဓမြတ်စွာနှင့်အတူနေရသကဲ့သို့ဖြစ်၍ကျူးလွန်မည့်အပြစ်ကိုမကျူးလွန်တော့ခြင်း။
၉။ ၀ိပဿနာတက်၍ မဂ်ဖိုတိုင်အောင်မရနိင်သေးလျှင် ယုဘ၀၏အခြားမဲ့နောက်ဘ၀၌(ငါးပါးသီလမပျက်ပါမူ) လိုရာသုဂတိ ဘဝ
ကိုရဖို့သေချာခြင်း...။
၁၀။ နောက်နောင်ဘုရားသာသနာတော်ကို ဧကန်ကြုံတွေ့ရမည်ဖြစ်၍ မိမိရည်မှန်းအပ်သော
ဆုနှင့်ကိုက်ညီသောဘုရားသာသနာဝယ် ဧကန်တရားထူးရနိင်ခြင်း...။
ဤကားဗုဒ္ဓနုဿတိဘာဝနာအကျိုးများတည်း...။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရေးသားတော်မူသောဗုဒ္ဓနုဿတိဘာဝနာစာအုပ်မှတဆင့်တင်ပြသည်)

No comments:

Post a Comment