February 26, 2015

ပစ္စည်းတန်ဖိုး။



          တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့
စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။
မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို

ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့
ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။
ဟောသလိုဆိုတော့လေ ပစ္စည်းဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ
မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်
ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့
မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။
ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။
မလိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

No comments:

Post a Comment