February 6, 2015

တကယ် ဥပုသ်ရ မရ ကိုယ်တိုင်စစ်ဆေးနည်း



ဒီကနေ့ ဥပုသ်နေ့  ဘာသီလတုန်း … ဥပုသ်တော် သီလ။
နေ့ တိုင်းငါးပါးသီလ .. ဒီကနေ့  ဥပုသ်နဲ့ သီလ တွဲတယ်။
အဲတော့ ဘယ်နယ်တုန်း.. သီလစောင့်ရုံပဲလား.. ဥပုသ်ကော ယူမှာလား။
ဥပုသ်က ဘယ်သွားယူမတုန်း.. ရှောင်ကြဉ်တာက သီလဗျ…။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ကို တာဝန်ယူတယ်..
ဥပုသ်က စိတ်ကို တာဝန်ယူတယ်ဗျ။
ဥပုသ်က စိတ်နဲ့ ဆိုင်တယ်။

အာရုံကင်းဆိတ်ပြီး နေထိုင်တာကို ဥပုသ်လို့ ခေါ်တယ်။
မျက်စိရှိမြင်မှာပဲ … ဘာလဲလို့  အာရုံနောက်ပါသွားရင် ထွက်ပြီ ဥပုသ်။
နားကြားလိုက်တယ် ကြားတာ ကြားတာနဲ့ ပြီးရမယ်။
အာရုံနောက် စိတ်မပါစေနဲ့ ။
အာရုံမခံစားရဘူးပေါ့  အကောင်းပဲ အဆိုးပဲ အာရုံနောက် မခံစားရဘူး။
မျက်စိ နား နှာ လျှာ ကိုယ် ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တွေမဟုတ်လား..။
အဲတော့ မျက်စိကမြင်တဲ့ အချိန် သတိ မျက်စိမှာ အစောင့်ချထား။
နားကကြားတဲ့အချိန် သတိ နားမှာ အစောင့်ချထား.ရမယ်.။
အဲဒါ ဥပုသ်စောင့်တာ .. စိတ် လုံအောင်စောင့်တာ။ နံရင် နှာခေါင်းထိပ်..။
စားရင် လျှာထိပ် အာထိပ်..၊ ထိရင်လည်း သူထိတဲ့နေရာလေးကို တို့ က
သတိ နဲ့ အစောင့်ချရမှာ။ အဲဒါ အာရုံလုံအောင်စောင့် ဥပုသ်စောင့်တာ။
ကိလေသာ .. အတွေးကလာတာ ..တခြားကလာတာ မဟုတ်ဘူး။
သတိမလွတ်လို့ ရှိရင် ဘာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိပဲ။
သီလကတော့ လွယ်တယ်ဗျ.. ကိုယ်နဲ့ နှုတ်ပဲစောင့်တာ..။
သီလလောက်နဲ့  ခါးတောင်းကျိုက်မနေကြနဲ့ ။ ဥပုသ်ရမှ ဗျ။
ဟောဒီ သီလဟာ နတ်ပြည်သွားတဲ့ စောင်းတန်း၊ နိဗ္ဗာန်ရဲ့ တံခါးဝ။
သီလနဲ့ တူတာ ဘာမှမရှိဘူးလို့  ဘုရားကဟောတာ။
ဒါန နဲ့ သီလ ဒီတိုင်းပြောတာ..။ တကယ်လို့  တို့ သီလတော့ ယူပါတယ်။
အာရုံလုံအောင် ဥပုသ်မစောင့်ရင် သီလတော့ ဖြစ်မယ်.. နတ်ပြည်တက်ချင်တက်မယ်၊
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး၊ ပါရမီ မဖြစ်တော့လို့ ။
သီလတော့ဖြင့် ကိုယ်နဲ့ နှုတ်နဲ့ လုံပါတယ်.. စိတ်မှမလုံလို့  အာရုံမှ မလုံရင်
ဥပုသ်မစောင့်ရင် ပါရမီမဖြစ်နိုင်ဘူး.. ခင်ဗျားတို့  နတ်ပြည်တော့ ရောက်ချင်ရောက်မယ်၊
နိဗ္ဗာန်တံခါးဝမဟုတ်။ အဲတော့ ဘယ့်နှယ်တုန်း .. နတ်ပြည်လောက်ပဲလား။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်းတရားတော်မှ မျှဝေပါသည်)

No comments:

Post a Comment