April 23, 2015

မြတ်စွာဘုရားကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ
ဒုက္ကရစရိယ ကျင့်ခဲ့ရတယ်။ ကဿပမြတ်စွာဘုရားလက်ထက်က ဇောတိပါလဆိုတဲ့  ပုဏ္ဏားလု
လင်ဖြစ်ခဲ့တဲ့ အချိန်မှာ သူက အမျိုးဇာတ်ကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ခဲ့တယ်။

ကဿပမြတ်စွာဘုရား ဘုရားဖြစ်တာနဲ့ ပတ်သက်ပြီး မာန်မာနတက်ကာ ပြောခဲ့တယ်။ အဲဒါ
ကြောင့်မို့ သူဟာ မလိုအပ်တဲ့ အကျင့်တွေကို သေလောက်အောင် ပြင်းထန်တဲ့ တပ အကျင့်တွေ
ကို ကျင့်ခဲ့ရတာ ဒီဝစီဘေဒ ကံကြောင့်ပါ။ အမှားတစ်ခုကြောင့်ပါ။
         မြတ်စွာဘုရား လုပ်ရပ်တွေဟာ ဒီဘ၀မှာ ဘုရားဖြစ်တဲ့ ဘ၀တင်ပဲ လွန်ခဲ့တဲ့ ဒီသံသရာ
ခရီးသွားရင်းက အမှားအယွင်းတွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် ခေါင်းကိုက်တာရှိတယ်။ ခါးနာတာ
ရှိတယ်။ နောက်... ဝေရဉ္ဇာပြည်မှာ မြင်းကျွေးတဲ့၊ မြင်းစားတဲ့ မုယောဆန်တွေပဲ စားခဲ့ရတယ်။
နောက်ဆုံးမှာ သွေးဝမ်းသွန်ရတယ်ဆိုတော့ ဒီဒုက္ခသုခတွေ ခံစားရတာဟာ ရှေးက သံသရာခရီး
သွားတုန်းက မှားမှားယွင်းယွင်း ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။
         အေး....၀ိသာခါကျောင်းအမတို့နဲ့ ပတ်သက်လာတဲ့ အခါကျတော့ သံသရာမှာ မှားယွင်း
တယ်ဆိုတဲ့ လုပ်ရပ်တွေ မတွေ့ရပါ။ ၀ိသာခါကျောင်းအမကြီးက အင်မတန် ချမ်းသာတယ်။ မ
ဟာလတာ တန်ဆာကြီးကို ၀တ်ဆင်ရတယ်။ အိုခြင်းဇရာထိအောင် နုပျိုနေတယ်။ အသက် ၁၂၀
ရှည်တယ်။ သေတဲ့အခါကျတော့ နိမ္မာနရတိ နတ်ဘုံ ရောက်ပါတယ်။ ကောင်းခြင်းပြည့်စုံတယ်။
သူ့မှာ မှားမှားယွင်းယွင်း မလုပ်ခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်။
         အနာထပိဏ် သူဌေးကြီးကလဲ မှားယွင်းတဲ့ အနေအထားမျိုး မတွေ့ရပါ။ သေတဲ့အခါမှာ
တုသိတာနတ်ပြည် ရောက်သွားပါတယ်။ အဲဒီလို အမှားအယွင်း မရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အများ
ကြီးရှိပါတယ်။ ဒါကြောင့် မိမိတို့ရထားတဲ့ ဘ၀မှာ၊ သံသရာခရီးသွားနေတဲ့ အချိန်မှာ စိတ်ဆိုး၍
ဖြစ်စေ၊ မသိမုန်းထား၍ဖြစ်စေ အမှားအယွင်းတွေကို မလုပ်မိအောင် သတိထားပြီး ရှောင်ကြဉ်
ကာ သူတော်ကောင်းတရား လက်ကိုင်ထားပြီး ကောင်းတဲ့အမှုကိုသာ ပြုလုပ်ခြင်းဖြင့် မိမိတို့
သံသရာခရီးသွားတဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်းသွားဖို့ လိုပါတယ်။ ဒီလိုဖြောင့်တန်းသွားရင်း
နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။
 { ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌  ဒေါက်တာ             
   အရှင် နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
    တရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။ }

No comments:

Post a Comment