April 22, 2015

ဘဝ ကောင်း၊ ဘဝဆိုး။


🙏🙏🙏🙏🙏🙏🙏🙏
      ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေ
စမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။
မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။
ဂတိက လူ့ဘဝတွေ ရောက်နေစမ်းပါလား။ နတ်ဘဝတွေ ရောက်နေစမ်းပါလား။
ငတ်အောင် နှိပ်စက်နိုင်တဲ့ ကံပါပေမယ့် အို .. လူ့ဘဝဆိုတာ နောက်ဆုံး တောင်းစားရင် ရသေး

တယ်။ မငတ်ပါဘူး။
ဟို နတ်ဘဝတို့လိုများ ရောက်သွားတော့ ငတ်အောင် ပြုနိုင်တဲ့ကံ အဲဒီမှာ မရှိဘူးလား။ ရှိပါရဲ့။ 
ဒါဖြင့် ငတ်နေပါလား။ နတ်ဟာ ဘယ်တော့မှ မငတ်ပါဘူး။ ဘာပြုလို့တုန်းဆိုတော့ ဂတိကိုက 
အင်မတန် ကောင်းတဲ့ ဂတိဖြစ်နေတာကိုး။

ဒါကြောင့် ကာလကောင်းရင် ကောင်းတဲ့ကံတွေက၊ ကာလမကောင်းရင် မကောင်းတဲ့ ကံတွေက၊
ဂတိဆိုတဲ့ ဘဝကောင်းရင် ကောင်းတဲ့ကံတွေက အခွင့်သာတယ်။ ဂတိဆိုတဲ့ ဘဝမကောင်းလို့ ငရဲ, 
တိရစ္ဆာန်, ပြိတ္တာဖြစ်နေမယ်ဆိုရင် မကောင်းတဲ့ကံတွေက အခွင့်သာပါတယ်။
  {  http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }

No comments:

Post a Comment