April 13, 2015

ဘုရားရှင်၏ ရာဟုလာအား သြ၀ါဒတော် (၁)။


         ဗုဒ္ဓမြတ်စွာသည် ညနေချမ်းအခါဝယ် ရှင်ရာဟုလာအား သြ၀ါဒပေးတော်မူလိုသော
ကြောင့် ကမ္မဠာန်းကျောင်းကလေးသို့ ကြွတော်မူလေသည်။ ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ထိုင်
တော်မူပြီးလျှင် ရေခွက်၌ ရေအနည်းငယ်ကို ချန်ထား၍ ရာဟုလာကို မေးတော်မူသည်မှာ - -
“ ရာဟုလာ ... ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား ?။”
 ရာဟုလာ။  ။ မြင်ပါသည် အရှင်ဘုရား။

 ဘုရားရှင်။  ။ “ရာဟုလာ .. မုသား ပြောဆိုဖို့ရန် မရှက်တတ်သော ရဟန်း သာမဏေတို့မှာ
                 လည်း (ဟောဒီ ရေ နည်းနေသလို) ကိုယ်ကျင့်တရား နည်းနည်းကလေးသာ
                 ရှိတယ်” လို့ မှတ်ထား။
         ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ရေခွက်ထဲမှ အနည်းငယ်သောရေကို သွန်ပြီးလျှင် ရှင်ရာ
ဟုလာကို မေးတော်မူပြန်သည်မှာ -----
“ ရာဟုလာ ရေခွက်ထဲ၌ ကျန်နေသော ရေ အနည်းငယ်ကို သွန်ပစ်လိုက်တာ မြင်ရဲ့လား ?။ ”
 ရာဟုလာ။  ။ မြင်ပါသည် အရှင်ဘုရား။
 ဘုရားရှင်။  ။ “ရာဟုလာ .. မုသား ပြောရမှာကို မရှက်တတ်သော ရဟန်း သာမဏေတို့မှာ
                 လည်း (ရေကျန် နည်းနည်းကလေးကို သွန်ပစ်လိုက်သလို ) ကိုယ်ကျင့်တရားကို
                 သွန်ပစ်ရာရောက်တယ်” လို့  မှတ်ထား။ “သူ့မှာ ကိုယ်ကျင့်တရား ဘာမျှမရှိတော့
                 ဘူး ” ဟု မိန့်တော်မူသည်။
          ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို မှောက်လိုက်ပြီးလျှင် ရာဟုလာကို မေးတော်
မူပြန်သည်မှာ ----- “ရာဟုလာ ဟောဒီရေခွက် မှောက်နေတာကို မြင်ရဲ့လား ?။”
 ရာဟုလာ။  ။ မြင်ပါသည် အရှင်ဘုရား။
 ဘုရားရှင်။  ။ “ရာဟုလာ....မုသား ပြောရမှာကို မရှက်တတ်သော ရဟန်း သာမဏေတို့မှာ
                  လည်း (ဟောဒီရေခွက်ကို မှောက်ထားသလို) ကိုယ်ကျင့်တရားတွေကို မှောက်
                 ပစ်လိုက်ရာ ရောက်တယ်” လို့ မှတ်ထား။
          ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို လှန်ပြီးလျှင် ရာဟုလာကို မေးတော်မူပြန်
သည်မှာ --- “ရာဟုလာ လှန်ထားသော ရေခွက်ထဲမှာ ဘာမျှ မရှိတာကို မြင်ရဲ့လား ?။”
 ရာဟုလာ။  ။ မြင်ပါသည် အရှင်ဘုရား။
 ဘုရားရှင်။  ။ “ရာဟုလာ....မုသား ပြောရမှာကို မရှက်တတ်သော ရဟန်း သာမဏေတို့မှာ
                 လည်း (ဟောဒီရေခွက်ထဲ၌ ဘာမျှ မရှိတော့သလို) ကိုယ်ကျင့်တရား ဘာမျှ မရှိ
                 တော့ဘူး ” လို့ မှတ်ထား။
         ရာဟုလာ....မုသား ပြောရမည်ကို မရှက်တတ်သူသည် ဘယ်မကောင်းမှာမှ မပြုဝံ့တာ
မရှိတော့၊ မကောင်းမှုဟူသမျှ ပြုဝံ့တော့၏။ ထို့ကြောင့် “မုသားဆိုရင် ပြောင်သလို လှောင်
သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်ရမည်” ဟု သတိထား၍ ကြိုးစားပြီး ကျင့်ရမယ်။
{ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ ရုပ်ပုံ ရှင်ကျင့်ဝတ် မှ ကူးယူရေးသား
   ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
CommentsVisit website

No comments:

Post a Comment