April 18, 2015

တရားသိလျက် အကျင့်ခက်။


         ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့ အချိန်လေးမှာ
သာသနာကြည်ညိုတဲ့ မိသားစု တစ်စု သာသနာဘောင် ၀င်လာခဲ့ပါတယ်။ အကိုကြီးရဲ့ နာမည်က
“ သာဂတ ” တဲ့။ သူ့ညီရဲ့ နာမည်က “ ကပိလ ” တဲ့။ နှမလေးရဲ့ နာမည်က “ တာပနာ” တဲ့။ အ
မေကြီးကတော့ “သာဓိနီ” ဆိုတဲ့ နာမည်နဲ့ သာသနာဘောင်ကို မိသားစုလိုက် ၀င်လာကြပါတယ်။
         သာသနာဘောင် ၀င်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်ရမယ့်အလုပ် (၂) ခုရှိပါတယ်။

တစ်ခုက ဘုရားဟောတဲ့ တရားတော်တွေကို သင်ကြားမှုဆိုတဲ့အလုပ် “ပရိယတ္တိ အလုပ်”။ ပရိယ
တ္တိဆိုတာ သင်ယူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မသင်ယူဘဲနဲ့ (ဘုရား၊ ပစ္စေကဗုဒ္ဓါ မှအပါး) မည်သူ
တစ်ဦးတစ်ယောက်မျှ  တရားဓမ္မကို သိတယ်ဆိုတာ မရှိဘူး။  တရားနာတာဟာ သင်နေတာပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် “ဂန္တဓူရ” စာပေကျမ်းဂန် တာဝန်ကို ထမ်းဆောင်ရမယ်။ ဒါကသာသ
နာတော် ပြန့်ပွားရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဘုရားဟောတဲ့ တရားတွေကို သင်
ကြားလို့ တစ်ဆင့်ဖြန့်ဖြူးလို့ သာသနာတော် တည်တန့်ပြန့်ပွားစေပါတယ်။ နောက်တစ်ခုက “ပဋိ
ပတ္တိ” ။ စာပေသင်ယူမှုကို အကျယ်မသင်တော့ဘဲ ကမ္မဌာန်းတရား အားထုတ်တဲ့ အလုပ်ကိုလုပ်
ပါတယ်။ သင်ယူပြီးနောက် လက်တွေ့ကျင့်သုံးမှုဆိုတာ နောက်က လိုက်ရပါတယ်။ ဒါကို “ ၀ိပ
ဿနာဓူရ ” လို့ခေါ်ပါတယ်။
        အစ်ကိုကြီးလုပ်တဲ့ “သာဂတ” က ရဟန်းဖြစ်ပြီး အသက်အရွယ်လေး နည်းနည်းရလာတော့
ကမ္မဌာန်းကို သင်ယူကာ တောရကျောင်း တစ်ကျောင်းကိုသွားပြီး  ကမ္မဌာန်း အားထုတ်လိုက်တာ
ရဟန္တာ ဖြစ်သွားပါတယ်။ ညီဖြစ်တဲ့ “ကပိလ” ကတော့ အသက်ငယ်ငယ်နဲ့  စာတွေသင်လိုက်တာ
ပိဋိကတ်သုံးပုံဆောင် တိပိဋကဓရ ဆိုတဲ့ စာတတ်ပုဂ္ဂိုလ် ဖြစ်သွားပါတယ်။
        စာတတ်ပုဂ္ဂိုလ်ဆိုတော့တပည့်တွေ၊ ဒကာဒကာမတွေကလည်း ပေါတော့ လာဘ်လာဘတွေ
များလာတယ်။ တရားကိုသိပြီး ကျင့်ရမယ့်အစား “ကပိလ” က ပညာမာန်တွေတက်ပြီး  ကျန်တဲ့ရ
ဟန်းတွေအပေါ် အထင်သေး အမြင်သေး ဖြစ်လာတယ်။ သူ့လောက်မတတ်ဘူး၊ ဘာမှမတတ်တဲ့
နလပိန်းတုံးတွေဆိုပြီး နှိမ့်ချ ဆက်ဆံလာပါတယ်။ သူက တရားသိပေမယ့်လို့ ကျင့်နိုင်ခြင်းမရှိဘူး။
တတ်သိလိမ္မာတဲ့ ဗဟုသုတကို အထင်ကြီးပြီး မာန်ယစ်လာတဲ့ အခါမှာ သူတစ်ပါးတွေကို  အထင်
သေး အမြင်သေး ဖြစ်လာတယ်။ မောက်မာလာတယ်။ 
         သူရဲ့နှမတော် “တာပနာ” ကလည်း မောင်ဖြစ်တဲ့ “ကပိလ” ရဟန်းက စာတတ်တော့ ပိဋ
ကတ်သုံးပုံဆောင် တိပိဋကဓရ တဲ့ ဆိုပြီးတော့ သူ့မောင် ရဟန်းအတွက် သူကဂုဏ်ယူတယ်။ အ
မေလုပ်တဲ့ “သာဓိနီ” ကလည်းပဲ သူ့သားအတွက် ဂုဏ်ယူမဆုံးပေါ့။ သူတို့ကလည်း  ရောယောင်
ပြီးတော့ အဲဒီမာန်မာနတွေ တက်လာကြတယ်။
         “ကပိလ” ရဟန်း အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ ရဟန်းတွေက ပြောကြတယ်။ “ကိုယ်
တော် စာတတ်ပေတတ် အင်မတန် နှမြောစရာကောင်းပါတယ်။ သူများကို အထင်သေးအမြင်သေး
မလုပ်ပါနဲ့” လို့ ဘေးက ရဟန်းတွေက သတိပေးတယ်။ “ ကိုယ်တော် ဒါမျိုး မလုပ်ပါနဲ့”  မရဘူး။
မရတော့ သူ့အစ်ကိုကြီးကို သွားတိုင်ကြပါတယ်။ “ ကိုယ်တော့ညီကို  ပြောပါအုံး”  အစ်ကိုကြီးက 
ရဟန္တာကြီးပဲ။ ညီဆီလာပြီးတော့ ပြောပြတယ်။ “ငါ့ညီ....ပညာတတ်တယ်ဆိုတာ အင်မတန်မှ တန်
ဖိုး ရှိပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တတ်သိလိမ္မာတာဟာ အင်မတန် ကောင်းပါ
တယ်။ အမှန်အကန် ပြောပါ၊ သူများအတွက် ကိုယ် တတ်သိလိမ္မာတာတွေကို သူများကို တစ်ဆင့်
မှန်မှန်ကန်ကန် ပြောပါ။  မာန်မာနတွေ မထားပါနဲ့” လို့ ဆုံးမတယ်။  တစ်ခါဆုံးမတယ် မရဘူး။
နှစ်ခါဆုံးမတယ် မရဘူး။ သုံးခါဆုံးမတယ် မရဘူး။ 
          သေတဲ့အခါကျတော့ အ၀ီစိငရဲ ကျသွားတယ်။ သူ့ကို အားပေးအားမြှောက် ပြုပြီးတော့
သူနဲ့ အလိုတူ အလိုပါဖြစ်တဲ့ မယ်တော် ဘိက္ခုနီတို့၊ နှမတော် ဘိက္ခုနီတို့လည်းပဲ တခါတည်း အ၀ီ
စိငရဲ ပါသွားကြတယ်။ “တရားသိပြီးတော့ကျင့်မှ  အကျိုးရနိုင်ပါတယ်။ တရားသိပြီးတော့ မကျင့်
ဘူးဆိုရင် ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့နိုင်တယ်” လို့ မြတ်စွာဘုရားက ကပိလသုတ္တန် ဆိုပြီးတော့
ဟောပါတယ်။
         ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်တို့ဟာ မိမိတို့ သိရင်သိတဲ့အတိုင်း..တရားဓမ္မဆိုတာ
လိုက်နာကျင့်သုံးမှသာလျှင် အကျိုးရှိတယ်  ဆိုတာကို သဘောပေါက်ပြီး နိဗ္ဗာန်ချမ်းသာကို  မျှော်
မှန်းလျက် သာသနာတော်နဲ့ ကြုံတွေ့နေတဲ့ အချိန်မှာ တရားဓမ္မကို သိရှိနားလည်ပြီး ကျင့်ကြံကြိုး
ကုတ် အားထုတ်တော် မူနိုင်ကြပါစေ ကုန်သတည်း။ ။
{ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပေါင်းလဆန်း(၉) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊
 အမှတ်(၁) ရပ်ကွက်၊ ရတနာလမ်း၌ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
 “ တရားသိလျက် အကျင့်ခက် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ 

No comments:

Post a Comment