April 13, 2015

ဒုလ္လဘအတွေးတခု (သင်္ကြန်ဆောင်းပါးတပုဒ်)


ကျောင်းသူ၊ ကျောင်းသားများ နွေရာသီကျောင်းများ ပိတ်ကထဲက ပျားပန်းခတ်မျှ လှုပ်ရှားနေသော ဘာသာရေး၊အမျိုးသားရေး လှုပ်ရှားမှုလေးတွေကို ဟိုနေရာသည်နေရာ ရပ်ကွက်ဓမ္မာရုံများ ဘုန်းကြီးကျောင်းများ စာသင်ကျောင်းများတွင် ယဉ်ကျေးလိမ်မာသင်တန်းများ ဗုဒ္ဓဘာသာသင်တန်း များကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာတိုးတက် ဖွံဖြိုးစည်ကား သိုက်မြိုက်လာသည်မှာ မြင်ရသူရင်ထဲ ကြည်နူးဝမ်းသာရသည်မှာ နှိုင်းပြစရာမရှိလောက်အောင် ခံစားရပါသည်၊

စာရေးသူကိုယ်တိုင်ကော သားဖြစ်သူပါ သင်္ကြန်အခါတွင်းမစခင် (11.4.13)ရက်နေ့မှစ၍ သာသနာ့ဘောင်သို့ကိုရင်ကြီးဝတ်ပြီး စတင်ဝင်ရောက်ခဲ့ပါသည် ထုံးစံအတိုင်း အလှူအတန်းလုပ်ပြီဆိုရင် သူငယ်ချင်းမိတ်ဆွေ များရင်းနှီးသောဓမ္မမိတ်ဆွေများ လဲတပိုင်တနိင်ငွေအား၊လူအား၊ ဝေယာဝစ္စ အလုပ်များကို ကုသိုလ်ရေးဝိုင်းဝန်း ဒါနပြုကြပါသည်၊ ဒါတောင်ပကာသန များမပါအောင် ဖိတ်စာရိုက်၊ ရှင်လောင်းလှည့်အလှူပွဲဗွီဒီယိုရိုက်တို့ ဘာမျှမပါဝင် မည်သူ့ကိုမှတကူးတက ဒုက္ခမပေး ဘုန်းကြီးကျောင်းရှိ သံဃာ၊ ယောဂီ၊ ဥပုဒ်သည်တို့ကိုသာဒါနပြု လှူတန်းပြီး(12.4.13)နေ့တွင်သိမ်ဝင်ပြီး၊ ဒုလ္လဘရဟန်းအဖြစ်ကိုရောက်ရှိခဲ့ပါသည်၊ ဤနေရာအထိ လုပ်ရိုးလုပ်စဉ်ဟုပြောရလောက်အောင် ဒုလ္လဘရဟန်းခံ အလှူလေးတခု လို့ဆိုလို့ရပါတယ်၊ အဲ ဒုလ္လဘရဟန်းဖြစ်ပြီးမှ ယ္ခုရေးချင်သော ဇတ်လမ်းစလာပါတော့သည်၊ စာရေးသူရဟန်းဝတ်သော ကျောင်းမှာ ရန်ကုန်မြို့ခြောက်ထပ်ကြီးဘုရားဝင်းအတွင်း ၌တည်ရှိသော ကျောင်းတကျောင်းဖြစ်ပါသည်၊ ထို့ကြောင့်လဲ မိတ်ဆွေများ ဓမ္မမိတ်ဆွေများက အခါရက်အတွင်း ခြောက်ထပ်ကြီးဘုရားသို့၊ တရားထိုင်ရန်၊ ပုတီးစိပ်ရန်၊ ဥပုဒ်ဆောက်တည်ရန်၊ ဘုရားဖူးရန် အမျိုးမျိုးသောအကြောင်းများဖြင့်လာကြရာ ဘုန်းကြီးကျောင်းသို့လဲလာရောက်ဝတ်ဖြည့်ကြ၊ဆွမ်းကွမ်းပြည့်စုံပါရဲ့လား မေးမြန်းလျှောက်ထားကြနှင့် အလာဘ၊ သလာဘ များပြောဆိုရင်း စကားစပ်၍ မိမိထက်(၈)နှစ်ခန့်ကြီးသောဓမ္မမိတ်ဆွေတဦးနှင့်ဆွေးနွေးဖြစ်တာလေးတခုက၊ မိမိက ဒကာကြီးကော ဒုလ္လဘရဟန်းအဖြစ် သာသနာ့ဘောင်ဝင်ရောက်ပြီးပြီလားဟု မေးရာမိတ်ဆွေက ငယ်စဉ်ကတော့ ကိုရင်ဝတ်ဖူးတယ်(၁၀)ရက်ကျော်လောက်ပေါ့ နောက်ပိုင်းတော့ထပ်မ၀တ်ဖြစ်ဘူး ရဟန်းလဲမပြုဘူးပါဟုပြောရာ မိမိမှာလွန်စွာအံ့သြခဲ့ပါသည် မိတ်ဆွေတွင်တွင်လဲရင်သွေးနှစ်ယောက်ရှိရာ ကလေးတွေကော ၀တ်ဘူးလားမေးရာ၊ မ၀တ်ရသေးကြောင်း ဖြေသဖြင့်ပိုအံ့သြခဲ့ရပါသည်၊ ထို့နောက် မ၀တ်ဖြစ်သည့်အကြောင်းအရင်းကိုမေးရာ
၎င်းကလဲ တရားဓမ္မလိုက်စားသူပီပီ (၂၂၇)သွယ်သောသိက္ခာပုဒ်တို့မှာလွန်စွာကျယ်ဝန်းကြောင်း၊ အကျယ်ချဲ့လျှင်ကုဋေကိုးထောင်ကျော်ရှိကြောင်း
ထိုအတွက်ကြောင့် ကုသိုလ်တပဲ၊ ငရဲတပိဿာမဖြစ်လို၍ သူကော၊ရင်သွေးများပါ၊သာသနာ့ဘောင်မ၀င်သေးကြောင်း ပြောပြပါသည်၊ယင်းမှာ
အကြောင်းအရာတခု ထို့နောက်အိမ်မှဆွမ်းစားပင့်၍ကြွပြီ ဆွမ်းမစားခင် အွန်လိုင်းမှ ဓမ္မမိတ်ဆွေလူငယ်တဦးနှင့်စကားစပ်မိပြောဖြစ်ရာ မိမိယ္ခု
ဒုလ္လဘရဟန်းဝတ်ထားကြောင်း၊ ပြောမိရာရဟန်းဆိုသည်မှာ ၀ိနည်းလွန်စွာအရေးကြီးကြောင်း၊ ကိုယ်မသိ၍လုပ်မိပေမယ့် အပြစ်ဖြစ်နိင်ကြောင်း
သံဃိကပစ္စည်းများသည်၊ သံရည်ပူများကဲ့သို့ဖြစ်ကြောင်း စာပေနှံ့စပ်တတ်ကျွမ်းသည့်လူငယ်ပီပီ ကျမ်းကိုးကား အထောက်အထားများဖြင့်ပြောရာ
နားလည်လက်ခံပြီး သူ့အားပြန်မေးလိုက်သည်မှာ ညီလေးကော ရဟန်းဝတ်ဘူးလား ဆိုတော့ ကိုရင်ဆယ်ရက်ကျော်ဝတ်ဖူးပါတယ်၊ ရဟန်းတော့
တခါမှမ၀တ်ဖူးသေးပါလို့ဖြေတယ်၊ ဘာကြောင့်လဲထပ်မေးတော့ ၀ိနည်းများမစောင့်ထိန်းနိင်မှာ စိုးလို့မ၀တ်ကြောင်းဖြေပါတယ်၊ ဒီမှာတူညီတဲ့
အကြောင်းအရာက နှစ်ခုဖြစ်သွားလို့နဲနဲတွေးစရာဖြစ်လာပြီ ကျနော်ကျင်လည်ခဲ့ရသောငယ်စဉ် ဘ၀အချိန်များကိုလဲပြန်တွေးမိသည်၊ ကျနော်၏
မိဘများဟာ ကျောင်းပိတ်သည်နှင့် ဘုန်းကြီးကျောင်း ခေါ်သွားပြီးသင်္ကန်းတောင်း ကျက်ခိုင်းရသည်နှင့် ကိုရင်ဝတ်ပေး(သင်္ကန်းတောင်းဆိုသည်
မှာယ္ခုခေတ်လို ဘုန်းကြီးက ရှေ့မှတိုင်ပြီးလိုက်ဆိုရသည်မဟုတ်ဘဲကိုယ်တိုင်ကျက်၍သင်္ကန်းတောင်ရသည်ကိုဆိုလိုပါသည်)ကျောင်းတက်ခါနီးမှ
လူထွက်ကျောင်းတက် သင်္ကြန်ဆိုတာဘာလဲတောင်မသိခဲ့ပါ၊ကိုရင်ဝတ်ဖူးသည့် အကြိမ်များကိုလဲမမှတ်မိနိင်တော့ပါ၊ ရဟန်းဝတ်သည်မှာယ္ခုဆိုလျှင်
သုံးကြိမ်ရှိခဲ့ပါသည်၊ ငယ်စဉ်ကပင်မိဘများက သာသနာ့အမွေပေးသည်ဟု ပြောခဲ့သည်ကိုသိပ်နားမလည်ခဲ့ပါ၊ အချို့မိသားစုများမှ အသက်ကြီးသော
လူကြီးများဆုံးခါနီးတွင် သားသမီးမြေးများ သာသနာ့ဘောင်မ၀င်ရသေးသည့်အတွက် အစွဲအလန်းဖြစ်မည်စိုး၍ ဘုန်းကြီးကျောင်းမှ သင်္ကန်းငှားခါ
ဆံမချဘဲမြန်မြန်အသက်မထွက်မီဝတ်ပြကြသည်ကိုလဲ တွေ့ဘူးပါသည်၊
ယခုခေတ်လို သိပ္ပံ နည်းပညာ ထွန်းကားတိုးတက်နေသော အိုင်တီခေတ်ကြီးတွင် မိဘဖြစ်သူ(100%)တွင်(99.9%)လောက်က မိမိသားသမီးများ
ကို ရဟန်း၊သီလရှင်၊ ရာသက်ပန်မ၀တ်စေ လိုကြပါဆရာတော်ကြီးများတရားတွင်လဲ မကြာခဏထည့်သွင်း ဟောလေ့ရှိပါသည်၊ မိမိသားသမီး
ကြီးလာလျှင်စစိဗိုလ်ကြီးဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးများသာဖြစ်စေချင်ကြသည်မှာ ဓမ္မတာလိုဖြစ်နေပါသည်၊ ဗိုလ်ချုပ်မိခင်၊သမားတော်ကြီးမိခင်
အင်ဂျင်နီယာမှုးကြီးမိခင်၊ဖခင်များ၊များစွာရှိကြသော်လည်း တရားဟောဓမ္မကထိကမိခင်၊တိပိဋကတ်မိခင်၊ဓမ္မာစရိယမိခင်များမှာ အနိင်းမဲ့ဂုဏ်ယူဘွယ်
မိဘများဖြစ်သည်ဟု မိမိယုံကြည်ပါသည်၊ ထို့ကြောင့်မိမိသားသမီးရာသက်ပန် မ၀တ်နိင်ရင်တောင် ဒုလ္လဘလေးတော့ ရက်အနည်းငယ်ဝတ်ပြီး
သာသနာ့အမွေလက်ဆင့်ကမ်း ၍ဘာသာတံဆိပ်ခတ်နှိပ်စေလိုပါသည်၊မိဘများသည်၊ သိ၍၎င်းမသိ၍သော် ၎င်း၊၀ိနည်းတော်များကိုကြောက်ပြီး
မိမိသားသမီးကို လက်ဆင့်ကမ်းအမွေမပေးခဲ့ပါက ကြာလျှင်သာသနာကွယ်ပျောက်နိင်ပါသည်၊ ကျနော်သည်စာပေကျမ်းခံတတ်ကျွမ်းနှံ့စပ်သူတယောက်မဟုတ်ပါ၊ သို့သော် သိမ်ဝင်သည့်အခါ ဥပဇယ်ဆရာတော်များ ဆုံးမလိုက်သည်မှာ
(၁)သူတပါးအသက်ကိုမသတ်ရ၊အထူးသဖြင့်လူ့အသက် (၂)ကာမဂုဏ်မမီဝဲရ (၃)သူတပါးပစ္စည်းခိုးယူခြင်းမပြုရ (၄)မုသားစကားမဆိုရ ဤမျှ
လောက်သာဆုံးမပါသည်၊ထိုအပစ်များကိုပြုလုပ်ပါက ရာသက်ပန်ရဟန်းဘ၀ဆုံးရှုံးမည်ဟုသတိပေးပါသည်၊ နောက်တခု သံဃာပစ္စည်းများဖြစ်သော
ဆွမ်း၊သင်္ကန်း၊ကျောင်း၊ ဆေး တို့သုံးစွဲရာတွင်လဲ လှူတန်းသည့် အလှူရှင်တို့အား တနေ့လျှင်အနည်းဆုံး တကြိမ်မေတ္တာပို့ ပါကအပစ်မဖြစ်ဟုကြားဖူး
ပါသည်၊ (၂၂၇)၀ိနည်းတော်များကို လေ့လာရာတွင်လဲ ရဟန်းသည် လက်နှစ်စုံ၍ ခါးထောက်လို့ပင်မရ အာပတ်သင့်သည်ဟုလေ့လာရပါသည်
ထို့ကြောင့်ကုဋေကိုးထောင်ကျော်သော ၀ိနည်းတို့ကိုအကုန်သိအောင်လေ့လာ၍ အျမှန်တကယ်လိုက်နာကျင့်သုံးဖို့ဆိုသည်မှာ ဒုလ္လဘတဦးမဆို
ထားနှင့်လက်ရှိအမြဲဝတ်ရဟန်းများဖြစ်သော မြန်မာပြည်ရှိသံဃာ(၅)သိန်းပင်လွယ်ကူမည်မထင်ပါ၊လက်ရှိစာပေ သင်ယူနေသောရဟန်းတော်များမိမိ
ထက်ပိုသိပါလိမ်မည်၊ နောက်တခုတင်ပြလိုသည်မှာ ဘာသာ၊သာသနာတွင် အရည်အချင်းရှိသော၊စာတတ်ပေတတ်၊ (quality)များ၊အထူးလိုအပ်သည်ကို မငြင်းနိင်သော်လည်း၊ လက်ရှိသံဃာအရေအတွက် ငါးသိန်ထက်ပိုသော(quantity)ကိုလဲဘာသာ၊သာသနာ၊ထိန်းသိမ်းစောင့်
ရှောက်ရန်၊ သာသနာပြုလုပ်ငန်းများလုပ်ဆောင်နိင်ရန်၊လိုအပ်မည်ဟုယုံကြည်ပါသည်၊
ဗုဒ္ဓဘာသာဝင် အမျိုးသားတို့အတွက် ခေတ္တခဏမျှဖြစ်စေ ရဟန်းဘောင်တက်ခွင့်ရခြင်းသည် ဘ၀အတွက် အလွန်ပင်မွန် မြတ်၍ အရေးကြီးသော အခွင့်ဖြစ်သည်။ အဘယ်ကြောင့်နည်း ? ခိုင်လုံ သော အကြောင်းပြချက်များစွာ ရှိသည့်အနက်မှ ယခုဘုရား ၅ဆူ ပွင့်ရာ ဤဘဒ္ဒကမ္ဘာတွင် နောက်ဆုံး ပွင့်တော် မူခဲ့သော ဂေါတဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်ရန် ဆည်းပူးဖြည့်ကျင့်ခဲ့ရသော ပါရမီဖြည့်ရာဘ၀ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်ရှိခဲ့ သော်လည်းရဟန်းဘ၀ကို (၉) ဘ၀သာရရှိခဲ့ပေသည်။ ဤ အချက်တစ်ခု တည်းကပင်ရဟန်းဘ၀သို့ရာက်ရှိရခြင်း၏ အဖိုးတန်မှုကို ကောင်းစွာသိနိုင် ပေသည်။
ထိုပြင် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် ကိုယ်တော်မြတ်ဆွမ်းခံပြန်၍ သီတင်းသုံးရာကျောင်းတော်သို့ရောက်စဉ် ခြေတော် ဆေးရာခုံ၌ ခြေတော်ဆေးရင်း နောက်ပါ သံဃာတော် တို့အား နုတ်တော်ကပင်ဖွင့်၍ 'ချစ်သားတို့ လူ့ဘ၀သည်ရခဲ့၏၊ဘုရားပွင့်ရာအခါသည်ကြုံခဲ၏၊ ရဟန်းဘ၀သို့ရောက်ရှိရန်ခက်ခဲ၏၊ မြတ်သောတရားကိုကျင့်ကြံ အားထုတ်ဖို့ရန်အတွက်ခက်ခဲ၏။ မြတ်သောတရားကို ယုံကြည်သောသဒ္ဓါတရားနှင့်ပြည့်စုံ ခြင်းသည်ခက်ခဲ၏။'' ဟု ကြုံကြိုက်ခက်ခဲလှသော ဒုလ္လဗ္ဘတရား ၅ပါးကို နေ့စဉ် မိန့်မြွတ် ဆုံးမ တော်မူခဲ့သည်။ ဤ အချက်သည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားတို့အဖို့ မွန်မြတ်သော ရဟန်း ဘ၀သို့ရောက် ရှိရန်အတွက် မည်မျှခက်ခဲသည်ကိုသိနိုင်ပေသည်။
နိဂုံးချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင်မိဘများအနေနှင့် မိမိတို့၏သားသမီးများ အရွယ်ရောက်လာသည်နှင့် ကိုရင်ဝတ်ချိန်၊နားသချိန်၊ ဒုလ္လဘရဟန်း
ဝတ်သည့်အရွယ်တွင် ရဟန်းဝတ်ရန် မင်္ဂလာတရားများနှင့်အညီ သာသနာ့တံဆိပ်ခပ်နှိပ် ပေးကြပါရန်မေတ္တာဖြင့်တိုက်တွန်းနိုးဆော်အပ်ပါသည်
ယ္ခုဆောင်းပါးလေးကိုဖတ်မိတဲ့ဓမ္မမိတ်ဆွေအနေနဲ့မိမိရဲ့ဆန္ဒသဘောထားလေးကို အောက်မှာရင်ဖွင့်သွားရင်းကျေးဇူးပြုနိင်ပါတယ်၊
 သမုတိသံဃာအားလုံးကိုဤဘလော့နှင့်ပူဇော်အပ်ပါသည်ဘုရား)

No comments:

Post a Comment