April 20, 2015

ရှင်ရာဟုလာ၏ စိတ်နေသဘောထား။


      ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏။ မိမိကိုယ်တိုင်လည်း
စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ ကြည်
နူးလောက်အောင် ကျက်သရေကိုဆောင်၏။ ရှင်သာမဏေဘ၀သို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်
စွာ၏ ရင်သွေးတော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်များပင် လေးစားမြတ်နိုးကြရုံမက
ကောသလမင်း, အနာထပိဏ်, ၀ိသာခါစသော မင်းပိုင်း သူဌေးသူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း

ကြည်ညို ရိုသေ ချစ်ခင်ကြလေသည်။ ဤအခြေအနေကို ဆင်ခြင်စဉ်းစားရင် စိတ်ကြီးဝင်စရာ 
ဟန်ကြီးပန်ကြီး လုပ်ချင်စရာ လွန်စွာကောင်းပါသော်လည်း စိတ်ကြီးမ၀င်သည့်ပြင် နူးညံ့ပျော့
ပျောင်း၍ အလွန် စိတ်သဘောကောင်းလှပေသည်။
         ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်းကြောင်း ကျော်ကြားလှသဖြင့်
စမ်း၍ကြည့်လိုရကား ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်ရင် သူလာမည့်လမ်း၌ တံမြက်
စည်းကိုဖြစ်စေ၊ အမှိုက်ကျုံးတောင်းကိုဖြစ်စေ ပစ်ထားကြ၏။ ရှင်ရာဟုလာ လွန်သွားသောအခါ
တစ်ပါးပါးက “ ဒီ တံမြက်စည်းကို လမ်းမှာ ဘယ်သူထားသလဲ ? ဟု မေးရင် အခြားရဟန်းများ
က “ ရှင်ရာဟုလာကတော့ ဒီလမ်းက လာတာပဲ ” ဟု ပြောကြကုန်၏။
         ထိုစကားကိုကြားရင် “ တပည့်တော် မသိဘူး၊ တပည့်တော် မထားဘူး” ဟု ငြင်းမနေဘဲ
ထိုတံမြက်စည်းကို သိမ်းဆည်း၍ ရဟန်းတော်များကို “ သည်းခံကြပါ ဘုရား” ဟု တောင်းပန်၍
သွားရှာသေးသည်။ ဤမျှလောက် စိတ်သဘောကောင်းသော ရှင်ရာဟုလာသည် ရဟန်းဖြစ်ပြီး
တစ်ဝါမျှ မရသေးခင် ရဟန္တာဖြစ်လေသည်။ ။
{ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ ရုပ်ပုံ ရှင်ကျင့်ဝတ် မှ ကူးယူရေးသား
   ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment