January 12, 2016

“အမြင်ကတော့ ဟုတ်သလိုလို”

   မြတ်စွာဘုရားလက်ထက်တော်က သိပ်ချောသိပ်လှတဲ့ ခေမာမိဖုရားကြီးက သူရဲ့
အလှပေါ်မာန်တက်ပြီး၊ ဘုရားနားလည်း မကပ်၊ တရားလဲ မနာချင်၊ သံဃာတော်တွေကိုလည်း
မဖူးမျှော်ချင်ပါ။ အဲဒီ မိဖုရားကြီးကို မြတ်စွာဘုရားက.. “ခေမာမိဖုရား သင်က လှတယ်ပတယ်
ထင်နေတဲ့ သင်ရဲ့ခန္ဓာကိုယ်ကြီးကို တကယ် လှပတင့်တယ်မှု ရှိမရှိ  ဉာဏ်ပညာလေးနဲ့ စစ်ပြီး
တော့ ကြည့်စမ်းပါ။ ဒီခန္ဓာကိုယ်ကြီးဟာ အမှန်တကယ်တော့ (၉၆)ပါးသော ရောဂါဝေဒနာတွေ
အမြဲတမ်း စွဲကပ်ပြီးနေတဲ့ ခန္ဓာကိုယ်ဖြစ်ပါတယ်။ တစ်ခဏလေး အနာရောဂါကင်းပြီး ကျန်းမာ
နေတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ နေ့စဉ်ရေချိုး၊ အမြဲလိုလို သန့်ရှင်းသုတ်သင် ပေးနေရတယ်။
ဒါပေမယ့် သန့်ရှင်းစင်ကြယ်တယ်လို့ မရှိပါဘူး။ ရေမိုးချိုး၊ အမွှေးနံ့သာလိမ်း၊ ပန်းပန်ဖြီးလိမ်း
ပြင်ဆင်လျက် နေရတယ်။
         အပေါ်ပိုင်းခန္ဓာကိုယ်ကိုကြည့်တဲ့အခါ မျက်စိကိုကြည့်တော့ မျက်ချေးတွေ၊ နားကိုကြည့်
တော့ နဖါချေးတွေ၊ နှာခေါင်းကိုကြည့်ပြန်တော့လည်း နှပ်ချေးတွေ၊ သွားကိုကြည့်တော့ သွား
ချေးတွေပြည့်နေတဲ့ ခန္ဓာကိုယ်ကြီး ဖြစ်နေတယ်။
         အောက်ပိုင်းခန္ဓာကိုယ်ကိုကြည့်လိုက်ပြန်တော့လည်း ကျင်ကြီးကျင်ငယ်တွေကို နေ့စဉ်
နှင့်အမျှ ယိုချ-ထုတ်ချပြီးနေတဲ့ ခန္ဓာကိုယ်ဖြစ်နေတယ်။ ဟိုနားဒီနား ကြည့်ပြန်တော့လည်း
မွေးညှင်းပေါက် အသီးသီးက ချွေးတွေယိုစီးပြီး အပုပ်နံ့တွေထွက်နေတဲ့ ခန္ဓာကိုယ်ကို ဖြစ်တယ်။
         ပုထုဇဉ်တွေပဲ တဏှာအတွက်လည်းလုပ်၊ ဘ၀မှာ အနှစ်ရှာရာ ဒါန- သီလ- ဘာဝနာလဲ
လုပ်ရမှာပေါ့။ အမွှေးအကြိုင် ပက်ဖျန်းပြီး၊ လက်ဝတ်တန်ဆာတွေ ဆင်မြန်းထားလို့မို့ အမြင်က
တော့ ဟုတ်သလိုလို အပြင်ပန်းကတော့ လှသလို ထင်ရပေမယ့် အတွင်းကတော့ ပုပ်လျက်
ပုပ်လျက်ပါပဲ။”
         ခေမာမိဖုရားက ခန္ဓာကိုယ်ရဲ့ အရှိသဘာဝကို သိသွားပြီး ဘိက္ခူနီမပြုကာ တရား
အားထုတ်လိုက်တာ ရဟန္တာမကြီး ဖြစ်သွားပါတယ်။
 { မြင့်ရွှေ(ပေါင်းတည်) ၏  ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }

            https://www.facebook.com/thein.wai.167
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment