January 10, 2016

ငါ့ ကိုတန်အောင်ခိုင်းကြပါ

ဓမ္မမိတ်ဆွေတို့ မိခင်ဝမ်းဗိုက်ထဲကဒုက္ခမျိုးစုံခံရတဲ့(ငါ) အပြင်ရောက်လို့လူ့လောကထဲစစခြင်း နိ့ဆာလို့အော်ဟစ်ငိုကြွေးခဲ့တဲ့
(ငါ) ဒီလိုနဲ့ နေ့ကို လစား လကို နှစ်စား အချိန်တွေပြောင်း ခဲ့ပေမယ့်(ငါ)ဆိုတဲ့ ဒီခန္ဓာကိုယ်ကောင်ကြီးကိုတော့ ဆာလာရင်
အစားကြွေး၊ နာလာရင်ဆေးခန်းပြ၊ ရေငတ်ရင် ရေတိုက်၊ ပူလာရင်ယပ်တောင်ခပ်၊ အေးတဲ့အခါစောင်ခြုံ၊ အဖုံဖုံပြုစုခဲ့ပေမယ့်
တကယ်ကော (ငါ့) အလိုလိုက်ခဲ့လား...? မင်းအလိုတိုင်း နာစရာရှိရင်နာ၊ ဆာစရာရှိရင်ဆာ၊ နဲ့မင်းစေခိုင်းတဲ့အတိုင်းနေကြ
ရတာဘဲမဟုတ်ဘူးလား၊ ဒီအရွယ်ထိ မင်းခိုင်းချင်ရာခိုင်း စေလိုရာစေ ကျွန်လိုနေရပေမယ့် # မြတ်ဗုဒ္ဓရဲ့ ‪#‎ဒုက္ခသစ္စာ‬ ဆိုတဲ့
ဆင်းရဲခြင်းအမှန်တရား (ခန္ဓာမှန်ရင် ဒုက္ခသစ္စာ)ကိုသိပြီးတဲ့နေ့ကစပြီး မင်းရဲ့အစေခံကျွန်ဘ၀မှာ မနေတော့ဘူး မင်းနဲ့ဆက်
နွယ်ပြီးဖြစ်လာမယ့် တဒင်္ဂသာယာမှု တဏှာတွေနဲ့ ဒယ်အိုးဆင်းရမယ့် အလုပ်မျိုးတွေလဲ မလုပ်တော့ဘူး၊ ဒီနေ့ကစပြီး မင်းရဲ့
သခင်အဖြစ်နဲ့နေမယ်၊ မင်းကိုပြုစုယုယ ထားတာတွေနဲ့တန်အောင်ပြန်ခိုင်းမယ်၊ ဦးတည်ချက်(၃)ရပ် ဖြစ်တဲ့ ၁/ ဒီဘ၀ကစလို့
သံသရာတလျောက် အပါယ်မကျရေး။ ၂/ ဒိဋ္ဌိပြုတ်ပြီး တဏှာဖယ်ခွါရေး။ ၃/ နိဗ္ဗာန်မဂ်ဖိုလ်ကိုမျက်မှောက်ပြုရေး။
စတဲ့ဦးတည်ချက်တွေအတွက် မင်းခန္ဓာကိုအသုံးချပြီး ပရဟိတတွေလုပ်မယ်၊ မင်းခွန်အားနဲ့ရလာတဲ့လုပ်ခ လစာ ငွေတွေကိုပေးကမ်းစွန့်ကျဲ ဒါနတွေလုပ်မယ်၊ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး၊ စတဲ့သီလတွေ မကျိုးမပေါက်အောင် မင်းကိုသတိနဲ့ စောင့်ထိန်းခိုင်းမယ်၊ သမထ၊ ၀ိပသနာ ဘာဝနာ တရားတွေလဲ မင်းကိုအားထုတ် ခိုင်းမယ် ကဲဒါဆို ဗုဒ္ဓသာသနာမှာ လူဖြစ်
ကျိုးနပ်ပြီပေါ့ ဓမ္မမိတ်ဆွေတို့လဲ ငါဆိုတဲ့ ခန္ဓာခိုင်းတာ အလိုလိုက်မနေကြဘဲ လူဖြစ်ကျိုးနပ်အောင်
( ငါ့ကိုတန်အောင် ခိုင်းကြပါ ) လို့အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ဗျာ...။
*** စာရေးသူ၏သံဝေဂ သက်သက်ဖြစ်ပါသည် လိုအပ်ချက်ရှိပါကခွင့်လွှတ်သည်းခံကြပါခင်ဗျာ***

No comments:

Post a Comment