🙏🙏🙏🙏🙏🙏🙏🙏🙏🙏
တစ်နေ့သော် မထင်ရှားသော နတ်သားတစ်ပါးသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ သိလိုသည်ကို မေးမြန်းလေသည်။
နတ်သား
လောကကြီးကို ဘယ်သူဖန်ဆင်းထားပါသလဲဘုရား။
ဘုရား
တဏှာ ဆိုတဲ့ လိုချင်စိတ်၊ ကြိုက်စိတ်နဲ့ ဖန်ဆင်းထားတာ ဖြစ်တယ်။
နတ်သား
ဘာနဲ့ ဆွဲနှိမ်ထားတာပါလဲဘုရား။
ဘုရား
တဏှာနဲ့ ဖန်တီးထားတဲ့ လောကကို တဏှာကပဲ ဆွဲနှိမ်ထားတာ
ဖြစ်တယ်။
နတ်သား
ရှိနေတဲ့ လောကကြီးမှာ ရှိနေသမျှတွေဟာ ဘယ်သူ့အလိုကို လိုက်ပြီး လုပ်နေရပါသလဲဘုရား။
ဘုရား
အားလုံးဟာ တဏှာအလိုကို လိုက်လုပ်နေရတာပဲဖြစ်တယ်။
နတ်သား
တဏှာဟာ ကြောက်စရာကောင်းလှပါလားဘုရား။
ဘုရား
မှန်ပေတယ်။ ဒါကြောင့် တဏှာကင်းအောင် ကြိုးစားပေတော့ အမောင်နတ်သား။
No comments:
Post a Comment