December 29, 2015

အရှင်အာနန္ဒာထုံးနည်း

🙏🙏🙏🙏🙏🙏🙏🙏🙏
အခါတစ်ပါးတွင် ဗုဒ္ဓ၏ မိန့်ကြားတော်မူချက်အရ အရှင်ဆန္ဒအား
ဗြဟ္မဒဏ်ပေးရန် အရှင်အာနန္ဒာသည် နောက်ပါ ရဟန်းငါးရာနှင့်
အတူ ကောသမ္ဗီပြည်သို့ ကြွချီတော်မူခဲ့၏။ ဥတေနမင်းကြီး၏  
ဥယျာဉ်အနီး သစ်တစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ 
မင်းကြီးနှင့်အတူ ဥယျာဉ်ကစားထွက်လာကြသော မောင်းမ
မိဿံများသည် မင်းကြီးအား ခွင့်ပန်ကာ အရှင်အာနန္ဒာအား သွားရောက်ဖူးမြော်ကြသည်။ တရားနာကြားအပြီးတွင် အပေါ်ရုံ တဘက်ငါးရာကို အသီးသီးလှူ ဒါန်းခဲ့ကြသည်။ တစ်ပါးတည်းကို တဘက်ငါးရာ လှူ ခဲ့သဖြင့် မကျေနပ်သော ဥတေနမင်းကြီးသည် အရှင်အာနန္ဒာထံ ချ ဉ်းကပ်ကာ လျှောက်ထားမေးမြန်းလေသည်။ 

မင်းကြီး       
ဤအရပ်သို့ တပည့်တော်၏ မောင်းမမိဿံများ လာရောက်ပါ သလော။ 
အရှင်မြတ်  
သင်၏ မောင်းမမိဿံများ ဤအရပ်သို့ လာရောက်ခဲ့ကြကုန်၏။ 
မင်းကြီး  
အရှင့်အား တစ်စုံတစ်ခုကို ပေးလှူ  ကြကုန်သလော။ 
အရှင်မြတ်  
အပေါ်ရုံတဘက်ငါးရာကို ပေးလှူ  ကြကုန်၏။ 
မင်းကြီး  
ဤမျှလောက်သော တဘက်ငါးရာကို မည်ကဲ့သို့  အသုံးပြုပါ မည်နည်း။ 
အရှင်မြတ်  
သင်္ကန်းရှားပါးသော ရဟန်းတို့နှင့်အတူ ခွဲဝေသုံးစွဲမည်။ 
မင်းကြီး 
ဟောင်းနွမ်းသော သင်္ကန်းတို့ကို မည်သို့အသုံးပြုအံ့နည်း။ 
အရှင်မြတ်  
ထိုသင်္ကန်းဟောင်းတို့ကို အပေါ်အခင်းပြုကုန်အံ့။ 
မင်းကြီး  
အပေါ်အခင်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။ 
အရှင်မြတ်  
အပေါ်အခင်းအဟောင်းတို့ကို ဘုံလျှို စွပ်ပြုကုန်အံ့။ 
မင်းကြီး  
ဘုံလျှို စွပ်အဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။ 
အရှင်မြတ်  
ဘုံလျှို စွပ်အဟောင်းကို မြေအခင်းပြုကုန်အံ့။
မင်းကြီး 
မြေအခင်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။ 
အရှင်မြတ် 
မြေအခင်းအဟောင်းတို့ကို ခြေသုတ်ကြိုးဝန်းပြုကုန်အံ့။ 
မင်းကြီး 
ခြေသုတ်ကြိုးဝန်းဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။ 
အရှင်မြတ် 
ခြေသုတ်ကြိုးဝန်းဟောင်းတို့ကို ဖုန်သုတ်အဝတ်ပြုကုန်အံ့။ 
မင်းကြီး  
ဖုန်သုတ်အဝတ်ဟောင်းတို့ကို မည်သို့ ပြုကုန်အံ့နည်း။ 
အရှင်မြတ်  
ဖုန်သုတ်အဝတ်ဟောင်းတို့ကို နုပ်နုပ်စဉ်းထောင်း၍ ရွှံ့ ညွန်ုဖြင့် နယ်ပြီး အကာအရံအကျ ည်ကို လိမ်းကျံကုန်အံ့။ 
မင်းကြီးသည် ကျေနပ်ဝမ်းမြောက်စွာဖြင့် နောက်ထပ်တဘက်ငါးရာကို လှူ ဒါန်းသွားလေ၏။ 
  
စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ မေတ္တာဖြင့် စီးပွါးရှာခြင်း။

No comments:

Post a Comment