🙏🙏🙏🙏🙏🙏🙏🙏🙏
ပုထုဇဉ်တို့သည် ဘဝမှာ တစ်ခဏတာသာ ရှည်ကြာကြောင်းကို သတိ မပြုမိတတ်ကြချေ။ တဏှာ ဦးစီး မှုဖြင့် မိမိထက်သန်ရာကို ပြုလုပ်ရင်း အချိန်များစွာကို ကုန်လွန်စေခဲ့ကြလေသည်။ တစ်ဘဝတာ အချိန်ပိုင်း ကိုလည်း အတိုင်းအဆမရှိ နေကြရတော့မည့် ပုံစံမျိုးနှင့် ဖြစ်သည်။
ရောဂါ အပြင်းအထန်ဖြစ်၍ သော်လည်းကောင်း၊ သက်တမ်းစေ့၍သော်
လည်းကောင်း သေတော့မည်ဆိုမှဖြင့် အသက်ရှင်လိုကြသည်။ အသက်ရှည်လိုစိတ်ပိုမိုပြင်းပြ လာတတ်ကြသည်။ ထိုအချိန်ကာလတွင်
မှ မိမိတို့အတွက် နေရချိန် မကျန်ပြီကို သိလာတတ်ကြသည်။ တစ်ဘဝ ဆိုသည်မှာ တစ်ခဏတာလေးပါလား ဟုလည်း သတိမူလာ မိတတ်ကြ သည်။
လူတို့၏ နှစ်ငါးဆယ်သည် စတုမဟာရာဇ်နတ်ပြည်တွင် တစ်ရက်သာ ရှိသည်။ စတုမဟာရာဇ်နတ်စကားအရ ယနေ့မွေး၊ နက်ဖန် အကုန်သေ ကြရမည် ဖြစ်သည်။ တာဝတိံသာနတ်တို့နှင့် နှိုင်းယှဉ်သော် လူသက်
နှစ်တစ်ရာသည် ထိုဘုံဋ္ဌာန၌ တစ်ရက်ဖြစ်သည်။ ယနေ့မွေး၊ ယနေ့
သေမည့် သဘောပင်။ လူ့ ပြည်သို့ တစ်နေ့ခရီး အလည်လာသည်နှင့် တူတော့၏။ အထက်အထက်သော နတ်ပြည်များအတွက်ကား လူ့ တစ်သက်မှာ စက္ကန့်ပိုင်းမျှသာ ရှိသည်။ ဗြဟ္မာပြည်တွင် ဆိုပါမူ လူတို့၏ သက်တမ်းမှာ ရေတစ်ပွက်၊ ပွက်စာလောက်သာ တည်တံ့လေသည်။
စင်စစ်၊ သက်တမ်း နှစ်ရှစ်ဆယ်၊ တစ်ရာ နေရစေဦးတော့၊ လူ့တစ်ဘဝ တာသည် အလွန်တရာ တိုတောင်း လှပါသည်။ သို့ ဖြစ်၍၊ တစ်ရက်ကို တစ်သက်စာလုံးအဖြစ် တန်ဖိုးထားအပ်ပေသည်။ နံနက် နိုးထလာ
လေတိုင်း၊ ဦးစွာပြုလုပ်ရမည့် အလုပ်မှာ ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးနှင့် တွေ့ဆုံခြင်း၊ တစ်နည်း၊ ရှိခိုးပူဇော် ကျင့်ကြံအားထုတ်ခြင်း အမှုပင်တည်း။
သာသနာကြောင့်သာ လူ့ဘဝအားရှိဖွယ်ရာ ဖြစ်နေခြင်းဖြစ်သည်။
မြတ်ဗုဒ္ဓက"တရားအားမထုတ်ဘဲ၊ အနှစ်တစ်ရာ အသက်ရှင်ရခြင်း
ထက် တရားအားထုတ်ကာ၊ တစ်ရက်တာ အသက်ရှင်ရခြင်းက ပိုမို
မြင့်မြတ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဆိုလျှင် သင်ဘာလုပ် မည်နည်း။
No comments:
Post a Comment